🍎40🍎🍓Ending🍓

10.3K 897 184
                                    

မော့ရွှမ်းယွီ သူ့ကို လန်​ကျန့်​ တို့ လိုက်​ရှာ​နေတာကို သိ​ပေမယ့်​ သူရုပ်​လုံး ထွက်​မပြဘဲ ​ပုန်း​ရှောင်​​နေသည်​။ မနက်ဖြန်​ လန်​၀မ့်​ကျီး ရဲ့ မင်္ဂလာ​ဆောင်​ ဆိုတာ ကြားသိလိုက်​ရ​တော့

ရွှမ်း - မဟုတ်​ဘူး သတင်းအမှား​တွေ။ အစ်​ကိုဝမ့်​ကျီး က ဘာလို့ ​ဝေ့၀ူရှန့်​ နဲ့ ယူမှာလဲ။ အင့်​ဟင်း မရဘူး အစ်​ကို ၀မ့်​ကျီး ကို ငါဘဲ ပိုင်​ဆိုင်​ရမယ်​။ ငါမှ မပိုင်​ဆိုင်​ရရင်​ ဘယ်​သူမှ မပို​င်​ရဘူး။

မော့ရွှမ်းယွီ Mask အုပ်​ ဦးထုပ်​ ​ဆောင်း ကား​သော့ဆွဲ ပြီး ​လန်​ကျန့်​ ရှိရာ ကုမ္ပဏီ ကို ထွက်​လာလိုက်​သည်​။ ကားပါကင်​မှာ လန်​ကျန့်​ အလာကို ​စောင့်​​နေလိုက်​ပြီး လန်​ကျန့်​ ထွက်​လာ​တော့မှ ကား​ပေါ်က ဆင်းပြီး လန်​ကျန့်​ ရှိရာသွားလိုက်​သည်​။

ရွှမ်း - အစ်​ကိုဝမ့်​ကျီး

လန်​ကျန့်​ - ရွှမ်းယွီ မင်း

လန်​ကျန့်​ ​ဘောင်းဘီအိတ်​ကပ်​ထဲက ဖုန်းထုတ်​လိုက်​​တော့ ​မော့ရွှမ်းယွီ က ဆွဲလုလိုက်​ပြီး

ရွှမ်း - အစ်​ကို က ရဲစခန်းကို ဖုန်းဆက်​မလို့လား

လန်​ကျန်​ - ရွှမ်း​ယွီ မင်းအပြစ်​​တွေကို သွားဝန်​ခံ လိုက်​ပါ။ မင်းကိုယ်​တိုင်​ ၀န်​ခံ လိုက်​ရင်​ မင်း ကို ပြစ်​ဒဏ်​​လျှော့​​ပေးဖို့ ငါ​ပြော​ပေးမယ်​။

ရွှမ်း - ကျွန်​​တော်​ ၀န်​ခံရင်​ အစ်​ကို က ကျွန်​​တော်​ကို ချစ်​မှာလား။

လန်​ကျန့်​ - ရွှမ်းယွီ မင်းကို ကိုယ့်​ညီ​လေးတစ်​​ယောက်​လိုဘဲ ချစ်​တယ်​။ ခင်​တယ်​။ အဖြူ​ရောင်​ကို အ​ရောင်​မဆိုးချင်​စမ်းနဲ့။

ရွှမ်း - ကျွန်​​တော်​က​တော့ အစ်​ကို့ကို အစ်​ကိုလို သ​ဘောမထားနိုင်​ဘူး။ အစ်​ကိုဝမ့်​ကျီး အစ်​ကို့ကို ကျွန်​​တော်​ချစ်​တယ်​။ ​ကျေးဇူးပြုပြီး ​ဝေ့၀ူရှန့်​ နဲ့ မယူလိုက်​ပါနဲ့။

လန်​ကျန့်​ - ငါက ​ဝေ့ရင်း ကို ဘဲ ချစ်​တာ။

ရွှမ်း - ဒါဆိုလည်း အစ်​ကို ချစ်​တဲ့ ​ဝေ့၀ူရှန့်​ကို သတ်လိုက်​ရင်​​တော့ အစ်​ကို ကျွန်​​တော့်​ကို ချစ်​လာမယ်​မလား။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now