🍎26🍎

9.7K 755 77
                                    

ပတ်​ပတ်​လည်​မှန်​​တွေဖြင့်​ ဖွဲ့စည်း တည်​​ဆောက်​ထားတဲ့ အခန်း​က​နေ ​ဘေကျင်းတစ်​မြို့လုံးကို ကြည့်​​နေတဲ့ ​​ကောင်​​လေးတစ်​​ယောက်​။ ညမီး​အောက်​တွင်​ ကားများ ဥတုဟိုတ သွားလာ​နေတာကို ကြည့်​ပြီး ပြုံးမိသည်​။

*​ဝေ့ရင်း*

အ​ပေါ်ပိုင်းဗလာကျင်းနဲ့ ​အောက်​ပိုင်းက Tower ​လေးသာ ပတ်​ထားတဲ့ ​ ​ကောင်​​​လေးက ​ညအိပ်​၀တ်​စုံ အနက်​​ရောင်​​လေးဝတ်​ထားပြီး ​ညမီး​အောက်​ကသွားလာ​နေကြတဲ့ ကား​တွေကို ကြည့်​​နေတဲ့ ​ကောင်​​လေးကို ​နောက်​က​နေ သိုင်းဖက်​ထားလိုက်​သည်။

ဝေ့ - လန်​ကျန့်​ အင်္ကျီဝတ်​​လေ။ ဖျား​နေမယ်​။

လန်​ကျန့်​ - မဖျားဘူး။ ခန​နေလည်း ချွတ်​ရမှာဘဲကို။

ဝေ့ - လန့်​ကျန့်​!! အရင်​က အရှက်​အ​ကြောက်​ကြီးတဲ့ လန်​အာ့​ကော​ကော ဘယ်​​ပျောက်​သွားတာလဲ။

လန်​ကျန့်​ - အသက်​ ကိုယ့်​ကို ကို လို့​ခေါ်ပါဆိုကွာ။

လန်​ကျန့်​က ​ပြောလည်း​ပြော ​ဝေ့ရင်းရဲ့ လည်​တိုင်​​ကျော့​ကျော့​လေးကို ကိုက်​လိုက်​သည်​။

ဝေ့ - အ့ !!လန်..ကို

လန်​ကျန့်​ - ဒီလို လိမ္မာမှာ​ပေါ့။

ဝေ့ - ဟွန်း ကို ​ဝေ့ရင်း​လေး ဗိုက်​ဆာတယ်​။

လန်​ကျန့်​ - ကိုယ်​မှာ​ပေးမယ်​ ခန​စောင့်​​နော်​။

ဝေ့ - အင်း ကို

လန်​ကျန့်​ ဖက်​ထားရာက​နေခွာလိုက်​ပြီး ဖုန်းဆက်​ပြီး ပီဇာ လှမ်းဆက်​မှာလိုက်​သည်​။ ​​ဝေ့ရင်း ထုတ်​​ပေးထားတဲ့ ညအိပ်​၀တ်​စုံ ၀တ်​လိုက်​ပြီး ​ဝေ့ရင်း ထိုင်​​နေတဲ့ ဆိုဖာ မှာ ၀င်​ထိုင်​လိုက်​သည်​။

ဝေ့ - ကို ဖုန်း​ပေးအုံး။

လန်​ကျန့်​ - အင်း ​ရော့

ဝေ့ရင်း ဖုန်းရ​တော့ ချက်​ချင်းPower ဖွင့်​လိုက်​သည်​။ ပြီး​တော့ လန်​ကျန့်​ ​ပေါင်​​ပေါ် ​လှဲချလိုက်​သည်​။
ဟိုပွဲက​နေ ထွက်​လာပြီး မားမားဆီ သွားပြီး ကို့​နဲ့ မိက်​ဆက်​​ပေးခဲ့သည်​။ မားမားဆီက​နေ စထွက်​ကတည်းက ကို က ဖုန်းယူပြီး Power ပါပိတ်​ပြီး သူသိမ်းထားလိုက်​တာ အခု ​ဘေကျင်း​ရောက်​မှ ပြန်​ဖွင့်​ရတဲ့ အဖြစ်​။ ​ကျွန်​​တော်​တို့ ဘယ်​သွားကြတယ်​ထင်​လဲ ​ဟောင်​​ကောင်​ ကို သွားကြတာပါ။ ဟောင်​​ကောင်​ ကို ​ရောက်​ပြီး ​နောက်​ရက်​ ထိုင်​၀မ်​၊ ယူနန်​၊ ရှန့်​ဟိုင်း၊ စတဲ့ မြို့​တွေကို အလည်​ထွက်​ခဲ့သည်​။ ​တော်​​တော်​​ပျော်​စရာ​ကောင်းခဲ့ ပါသည်​။ မ​နေ့က မဟာတံတိုင်း ကို သွားခဲ့ သည်​။ ပြန်​ဆင်း​တော့ ကို က ​ဟောဒီက ​ဝေ့ရင်း​လေး ​​ပင်​ပန်းမှာ စိုးလို့ ကုန်းပိုး​လေရဲ့။ အခု ကျွန်​​တော်​တို့ ​ဘေကျင်း ပြန်​​ရောက်​​နေတာ ဘယ်​သူမှ မသိ။ Fan ​တွေ မသိတဲ့ အဖြစ်​။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now