🍎28🍎

7.5K 751 31
                                    

*​ရောက်​လာပြီလား ချီရန်​။ မင်းအတွက်​ ​ကော်​ဖီမှာထား​​ပေးတယ်​*

ချီရန်​ - ​ကျေးဇူး​။ ရောက်​​နေတာ ကြာပြီလား ထျန်း​ဟောက်​။

ထျန်း​ဟောက်​ - မကြာ​သေးပါဘူး။ ငါ့ကို ​တွေ့ချင်​တဲ့ အ​ကြောင်း​လေး ဆိုစမ်းပါအုံး။

ချီရန်​ - ​ပြောရရင်​ ငါ့တူနဲ့ မင်းသား ကိစ္စဘဲ။ သူတို့နှစ်​​ယောက်​ကို ​စေ့စပ်​​ပေးဖို့ ​ကိစ္စတိုင်​ပင်​မလို့။

ထျန်း​ဟောက်​ - ငါ သ​ဘောမတူဘူး ချီရန်​။ မင်းကို ငါက အရမ်းထက်​မြတ်​တဲ့ လူလို့ထင်​​နေတာ။

ထျန်း​ဟောက်​ မိမိ​ရှေ့မှာ ထိုင်​​နေတဲ့ ရန်​သူ​တော်​ကို မဲ့ ပြုံးပြုံးပြီး ကြည့်​လိုက်​သည်​။

ချီရန်​ - ဘာလို့ သ​ဘောမတူတာလဲ။

ထျန်း​ဟောက်​ - ​ယောကျာ်း​လေးချင်းဖြစ်​​နေလို့။ အဓိကက​တော့ လန်​အိမ်​​တော်​ ရဲ့ သားဖြစ်​​နေလို့ဘဲ။ လန်​ချီရန်​ ငါအခုထိ မင်းတို့ ညီအစ်​ကို ၂​ယောက်​ကို အခဲမ​ကြေ​သေးဘူး။ ​​နောင်​ဘ၀​တွေထိတိုင်​ မင်းတို့ရဲ့ ရန်​သူဖြစ်​​နေအုံးမှာ။

ချီရန်​ - ငါက​တော့ ငါတူ​​ပျော်​ရွှင်​ဖို့ အတွက်​ မရရ​အောင်​ လုပ်​​ပေးမှာ။

ထျန်း​ဟောက်​ - ငါလည်း ရိုရှန့်​ နဲ့ ၀ူရှန့်​ ကို မရရ​အောင်​ အတင်းစီစဉ်​မှာ။

ချီရန်​ - မင်းက မင်းသားရဲ့ ​ပျော်​ရွှင်​မှုကို ဖျက်​ဆီးတဲ့ အ​ဖေဘဲ။ မင်း ဘ၀တစ်​​လျှောက်​လုံးမှာ သူ ပြုံး​ပျော်​တာကို မြင်​ဖူးလား။ မင်း သားရဲ့ ရင်​ထဲက ဒဏ်​ရာ ​တွေ ကို မင်း မြင်​​အောင်​ ကြည့်​​ပေးဖူးလား။ ​ဝေ့၀ူရှန့်​ ရဲ့ ရင်​ထဲက ဒဏ်​ရာ မ​ပြောနဲ့ ၀မ်းဖိန်း ရင်​ထဲက ဒဏ်​ရာ ​တွေကို​ရော မင်း မြင်​​အောင်​ ကြည့်​ဖူးခဲ့လား။

ထျန်း​ဟောက်​ - လန်​ချီရန်​!!! မင်း​တော်​​တော့။ ၀မ်းဖိန်း အဟက်​ ငါက​တော့ ၀မ်းဖိန်း ကို ချစ်​လိုက်​ရတာ သူက​တော့ တစ်​ချိန်​လုံး မင်းကို ဘဲ တမ်းတ​နေခဲ့တာ​လေ။

ချီရန်​ - မင်း အထင်​မှား​နေပြီ ထျန်း​ဟောက်​။ ၀မ်းဖိန်း ရင်​ထဲမှာ မင်းတစ်​​ယောက်​တည်းဘဲ ရှိခဲ့တာ။ ငါ ကို အစ်​ကို တစ်​​ယောက်​လိုဘဲ သ​ဘောထားခဲ့တာ။ မင်း ကို သူအရမ်းချစ်​ခဲ့တာ။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now