🍎23🍎👨‍❤️‍👨မင်​ဂျွယ်​ နဲ့ မုန့်​​ယောင်​👨‍❤️‍👨

6.7K 560 73
                                    

နျဲ့မင်​ဂျွယ်​ မနက်​ ၆နာရီ ကတည်းက မုန့်​​ယောင်​ တိုက်​ခန်း​​အောက်​မှာ ​ရောက်​​နေခြင်း။ အရင်​ကဆို ကိုယ်​စိတ်​ဆိုး ​ဒေါသထွက်​ရင်​ ပြာယာခတ်​ ​ကြောက်​လန့်​​နေတဲ့ သူက အခု​တော့ ကိုယ့်​ကို​တောင်​ အဖက်​မလုပ်​​တော့ ရင်​ထဲ မတရားကို ခံစားရတယ်​။ အခုတ​လော မိန်းက​လေး တစ်​​ယောက်​ နဲ့ တွဲသွားတွဲလာ လုပ်​​နေတာကိုလည်း ​တွေ့​နေရတယ်​။ ညီဖြစ်​သူဆီ အကြံဥာဏ်​ ​တောင်း​တော့ အနုနည်းမရရင်​ အကြမ်းနည်းသုံးတဲ့။ အကြမ်းနည်းမှ မရရင်​ တစ်​ခါတည်း ကားတင်​​ပြေး​တဲ့။ သိပ်​​ကောင်းလိုက်​တဲ့ အကြံ။ ခက်​တာက နျဲ့မင်​ဂျွယ်​ ဆိုတဲ့ ကျွန်​​တော်​က အားတိုင်း ​ဒေါသထွက်​ ​နေတာဘဲ။ ရှီးချန်​ က​တောင်​ ​ပြောတယ်​ မင်းနဲ့ ကျန်းချန်​ က ညီအစ်​ကို ဖြစ်​ရမှာတဲ့။ ရှီးချန်​ ဆိုမှ ဒီ​ကောင်​ နဲ့ အဆက်​အသွယ်​မရဘူး။ အမှန်​​ပြောရရင်​ SUNSTAR Com နှစ်​ပတ်​လည်​ ပွဲ ပြီး ​နောက်​ရက်​ကစပြီး မ​တွေ့ရ​တော့ဘူး။ ထူးထူးဆန်းဆန်း ညီ​တော်​​မောင်​ တို့ကို​တောင်​ ၂ပတ်​နားရက်​ ​ပေးထား​လေရဲ့။

ကာကီ​ရောင်​ ​ဘောင်းဘီ ဒူးဖုံး​လေးနဲ့ အစိမ်းပုတ်​​ရောင်​ တီရှပ်​အင်္ကျီကို ၀တ်​ဆင်​ထားတာ ဖြူဝင်းတဲ့ အသားအရည်​နဲ့ လိုက်​ဖက်​လှသည်​။ လျှာထုတ်​ဦးထုပ်​ ကလည်း ​စောင်းထား​သေး။ လည်​ပင်းမှာ ကင်​မရာ ချိတ်​ဆွဲ ထားပြီး ​​ကျော​ပိုးအိတ်​ ကို လွယ်​ထားတာ တကယ့်​က​လေး​လေး ကျ​နေတာဘဲ။ ပြုံးပြုံး​လေးနဲ့ လမ်း​လျှောက်​လာတဲ့ လူက သူ​ရှေ့မှာ ​ခြေဆုံပိတ်​ရပ်​လိုက်​တဲ့ လူ​ကြောင့်​ အပြုံး​တွေ ကွယ်​​ပျောက်​ကုန်​သည်​။

မုန့်​ - ဘာလာ လုပ်​တာလဲ။

မင်​ - မင်းကို လာ​ခေါ်တာ။

မုန့်​ - ဘာကိစ္စနဲ့လဲ။

မင်​ - ဟွိုက်​..ဟွိုက်​ဆန်း ​နေမ​ကောင်းဘူး။ အဲ့တာ မင်းလိုက်​ကြည့်​​ပေး။

မုန့်​ - ဟွိုက်​ဆန်း ​နေမ​ကောင်းသာ ဆရာဝန်​​ခေါ်လိုက်​​ပေါ့။ ပြီးရင်​ ၀မ်းနင်​ ကိုပါ ​ခေါ်​ပေးလိုက်​ အာ့ဆို သက်​သာသွားလိမ့်​မယ်​။

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now