🍎20🍎

8.4K 801 95
                                    

ဒီ​နေ့ SUNSTAR Company ရဲ့ နှစ်​ပတ်​လည်​ပွဲ ဖြစ်​တာ​ကြောင့်​ အမည်​ကြီး ရုပ်​သံလိုင်းက သတင်း​ထောက်​​တွေ ​ရောက်​​နေကြသည်​။ ကြွ​ရောက်​လာကြတဲ့ သူများကလည်း တကယ့်​ ဒိတ်​ဒိတ်​ကြဲ စီးပွား​ရေး လုပ်​ငန်းရှင်​​တွေ။ ​ထိုထဲတွင်​ စီးပွား​ရေး​လောကမှာ နံပါတ်​ ၁ ချိတ်​​နေတဲ့ LAN Group က တူရီး၃​ယောက်​ ပါ တတ်​​ရောက်​ခဲ့တဲ့ အတွက်​ သတင်း​​သမား​တွေတင်​ သာမက စီးပွားရေးသမား​တွေပါ အံ့အားသင့်​သွားရသည်​။ ဘယ်​ပွဲ မဆို LAN Group မှာ ပွဲတတ်​ရင်​ လန်​ရှီရန်​ သို့မဟုတ်​ လန်​ရှီးချန်​ ဘဲ တတ်​တာ များသည်​။ လန်​၀မ့်​ကျီး တတ်​​ရောက်​တဲ့ ပွဲတိုင်းက နည်းသည်​။

လန်​၀မ့်​ကျီး တို့ လည်း ကျန်းချန်​ တို့ စားပွဲဝိုင်းမှာဘဲ ၀င်​ထိုင်​လိုက်​ကြသည်​။

ကျန်းဖုန်းမြင့်​ - အစ်​ကိုရှီရန်​ မ​တွေ့တာ ​တော်​​တော်​ကြာပြီ။ ​နေ​ကောင်းလား။

လန်​ရှီရန်​ - ​နေ​ကောင်းပါတယ်​။ တစ်​ခါတစ်​​လေ တူ​တော်​​မောင်​ ၂​ယောက်​​ကြောင့်​​တော့ ​သွေးတိုးရတယ်​။

ရှီးချန်​ ဘာမှ မ​ပြောဘဲ ပြုံးဘဲ ပြုံး​နေလိုက်​သည်​။ ၀မ့်​ကျီးက​တော့ ​ရေခဲရိုက်​မျက်​နှာထားနဲ့။

ရှီးချန်​ - ဒါနဲ့ ကျန်းချန်​​ရော

ယန်​လီ - အားရှန့်​ ဆီ သွားတယ်​။

ရှီးချန်​ - ​အော်​။

လန်​ရှီရန်​ - အစ်​ကိုဖုန်းမြင့်​ ဒီပွဲ ပြီးရင်​ ကျွန်​​တော်​တို့ သား​ရေးသမီး​ရေး ​ဆွေး​နွေးကြရ​အောင်​ ဗျာ။

ကျန်းဖုန့်​မြင့်​ - သား​ရေးသမီး​ရေး။ အကိုရှီရန်​ ရယ်​ အားနာလိုက်​တာ အားလီ​လေးက ကျင်း Gp က သားရဲ့ မကြာခင်​ ယူ​တော့မှာ။

လန်​ရှီရန်​ - ကျွန်​​တော်​က သမီး​တောင်းမှာ မဟုတ်​ပါဘူး။ သား​တောင်းမှာ။ အစ်​ကိုဖုန်းမြင့်​ လည်း သိတဲ့ အတိုင်း ရှီးချန်​ နဲ့ ကျန်းချန်​ က ​မေတ္တာမျှ​နေတယ်​ဆိုတာ​လေ။

ကျန်းဖုန်းမြင့်​နှင့်​ ယွီဇီယွမ်​ တို့ တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​လိုက်​ကြပြီး

အတိတ်​ဘ၀က ချစ်​ရသူ {Season 1}{Completed}Where stories live. Discover now