ZAWGYI
တစ်လမ်းလုံးဆွဲလာခဲ့ရတဲ့ အထုတ်ပလုတ်တွေကို အိမ်ထဲရောက်တာနဲ့ ပစ်ချပြီး ရှောင်းကျန့် ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်။ထိုအခါ သိပ်ချစ်စရာကောင်းသော ဦးလေးဖြစ်သူ ရှောင်လုဟန်သည် ရေတစ်ခွက်တော့ ယူလာပေးရှာ၏။
"ငါတောင်းပန်ပါတယ်ကွာ..ဖုန်းက အားကုန်ပြီး စက်ပိတ်သွားလို့ပါ ငါကလည်း အိပ်ပျော်နေတော့ .. "
"နာရီလည်းကြည့်ပါဦး ဘယ်အချိန်ထိ အိပ်ဖို့စိတ်ကူးထားလို့လဲ? "
ရှောင်းကျန့် သူ့အိမ်ရှေ့က လူခေါ်ဘဲလ်ကို အချက်သုံးဆယ်လောက် နှိပ်ပြီးမှ အိပ်ယာကနေ ထလာသော ဦးလေးရှောင်လုဟန်သည် တွန့်လိမ်နေသောဆံပင်များက စုတ်ဖွားဖြစ်နေသည်။
သူ့နှစ်ကိုယ်စာလောက်ရှိတဲ့ အမည်းရောင် Hoodie ပွပွကြီးကိုဝတ်ထားပြီး အစင်းသုံးကြောင်းဘောင်းဘီကဖြင့် တစ်ဖက်က ဒူးအထက်ကိုတောင် ရောက်လို့။ သူအမြဲကြွားနေကြလို တက္ကသိုလ်တုန်းက သူက စော်ကြည်ဘဲဆိုတာကြီးကို ဘယ်မှာတုန်းလို့ ပြန်မေးချင်ရဲ့။
"ငါ မနေ့ညက အလုပ်က အပေါင်းအပါတွေနဲ့ သောက်ခဲ့တာ နည်းနည်းများသွားလို့ပါကွာ..ခေါင်းကိုက်ရတဲ့ထဲ မင်းကတစ်မျိုး.. ငါ့အစ်မလည်း အဲ့လောက်စကားမများပါဘူး "
ခေါင်းကုတ်ဖင်ကုတ်လုပ်ရင်းကနေ လုဟန်သည် ရှောင်းကျန့်ကို ပွစိပွစိပြောရင်း မီးဖိုချောင်ထဲဝင်သွား၏။
"ကိုယ့်ရုပ်ကိုလည်း မှန်ထဲပြန်ကြည့်ဦး..လူမှန်းသူမှန်းကိုမသိတော့ဘူး..အဲ့ အကျင့်တွေပျက်နေတဲ့အကြောင်းလည်း မားမားကို လှမ်းပြီးတော့ တိုင်ဦးမှာ! "
"ရှောင်းကျန့်ရေ..မင်းက ဦးလေးလား? ငါက ဦးလေးလားကွာ? အငယ်က အငယ်လိုနေစမ်းပါ "
မီးဖိုချောင်ထဲ လှန်လှောနေရင်းက ရှောင်းကျန့်ကို သူကအကြီးဆိုပြီး သတိပေးနေသော ရှောင်လုဟန်သည် တကယ်တမ်း ရှောင်းကျန့်ထက် အသက် ၃နှစ်ခွဲသာကြီး၏။
အသက်သာပိုကြီးတာ လူကောင်လည်းသေးပြီး အရပ်လည်းအနည်းငယ်ပို၍ပုသော ရှောင်လုဟန်သည် အမြင့်မှာရှိတဲ့ ဗီဒိုထဲက ပန်းကန်လုံးကို ခုန်ဆွဆွဖြင့်လှမ်းယူဖို့ကြိုးစားနေသည်။ ရှောင်းကျန့်မှာ အမြင်မတော်နိုင်တော့သဖြင့် သူ့နောက်ကနေ လှမ်းယူပေးလိုက်ပြီး