ဒီနေ့ ရှောင်းကျန့်က ပထမနှစ်အတန်းကို ဝင်ရမယ့် အချိန်မပါဘူး။ ဒါပေမယ့် ဝမ်ရိပေါ်က နေ့လည် Lunch Break မတိုင်ခင်ကတည်းက ရှောင်းကျန့်ဆီကို စာတစ်စောင်ပို့ထားသည်။
Cafeteria မှာ နေ့လည်စာ အတူတူစားဖို့ သူ စောင့်နေမယ်ဆိုတဲ့အကြောင်း။
အလုပ်တွေ လက်စသတ်ပြီးတဲ့အခါ ရှောင်းကျန့်က Cafeteria ကို ထွက်လာခဲ့သည်။
ဝင်လာလျှင် လာချင်း ပြတင်းပေါက်အနားက စားပွဲဝိုင်းမှာ ဝမ်ရိပေါ်စောင့်နေတာကိုမြင်လိုက်ရသည်။ ဝမ်ရိပေါ် တင် မက တခြားကောင်မလေး တစ်ယောက်လည်း ရှိသေးသည်။
အနီးကိုရောက်တော့မှ အဲ့ကောင်မလေးက မေဂျာကွင်းမလေး ဖြစ်နေတာ သိလိုက်သည်။
"ကျန့်ကော လာပြီလား? "
ဝမ်ရိပေါ်က သူ့အတွက်ပါ စားစရာတွေ ကြိုတင်ယူပေးထားတာမှန်ပေမယ့် ဘေးခုံမှာ အကျအနထိုင်ပြီး တူတူစားမယ့်သဘောရှိတဲ့ ကျောင်းသူမလေးကြောင့် ရှောင်းကျန့်က အစီအစဉ်ပြောင်းလိုက်တယ်။
"ဝမ်ရိပေါ်..ငါ တစ်နေရာကို အရေးတကြီးသွားစရာရှိလို့..လိုက်ပို့ပေးလို့ရမလား? "
" ဟင်?...အင်း...ရတယ်...သွားမယ်လေ "
ဝမ်ရိပေါ်က ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ခုံက ချက်ချင်းထသည်။
ရောချင်နေတဲ့ ကွင်းမလေးကတော့ နေရာမှာ တစ်ယောက်တည်းကျန်နေခဲ့တော့သည်။
"ဘာဖြစ်လို့လဲ ကျန့်ကော? "
"ဘာမှ မဖြစ်ဘူး..အပြင်မှာ နေ့လည်စာ စားမလို့ "
ဘာမှပြန်မပြောတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က လှည့်ကြည့်တဲ့အခါ သူသိနေပါတယ်ဆိုတဲ့ ရုပ်ကြီးနှင့် တည့်တည့်တိုးသည်။
"ဘာမှလျှောက်တွေးမနေနဲ့..ဒီနေ့ Cafeteria က ဟင်းတွေ မကြိုက်လို့ "