ဂျေဝင်​တဲ့ ယုန်

14.9K 2.1K 121
                                    

ကားစီးပြီးပြန်​လာတဲ့​ရှောင်းကျန့်​က ​နေ့ခင်းဘက်​မှာ အိမ်​ကို ရောက်​သည်​။ ​ရောက်​​ရောက်​ချင်းပဲ အဝတ်​တစ်​စုံ​ကောက်​လဲပြီး ​ကျောင်းကို ထွက်​လာခဲ့တဲ့ ​ရှောင်းကျန့်​က တက်​ကြွ​နေတဲ့ ကြက်​ဖကြီးတစ်​​ကောင်​လို။ အင်း...ကြွတက်​​နေတဲ့ ယုန်​ထီးကြီးလို့​ပဲ ​ပြောရမလား။

ကျောင်းကို​ရောက်​​တော့ အရင်​ဆုံး ဌာနကို ​ပြေးအ​ကြောင်းကြားရသည်​။သူ့ အတန်းချိန်​ကို ကျူတာအငယ်​​လေးက အစားထိုးဝင်​​နေသည်​ဟု ကြား​တော့ အတန်းရှိသည့်​ဘက်​ကိုထွက်​ခဲ့လိုက်​သည်​။

"​ဟော..ဆရာ​ရှောင်း ပြန်​​ရောက်​ပြီလား? "

"ဟုတ်​တယ်​..စာသင်​​နေတုန်းလား?
သင်​ပါသင်​ပါ ကျ​နော်​က ဒီတိုင်းလာကြည့်​တာ "

"ဒါဆို ဒီအချိန်​​တော့ ကျ​နော်​ပဲ အကုန်​ယူ သင်​လိုက်​​တော့မယ်​​နော်​ ဆရာ​ရှောင်း "

"ဟုတ်​ကဲ့ပါ
အစားဝင်​​ပေးထားလို့ ​ကျေးဇူးပါပဲ​ဗျာ "

ကျောင်းသား​တွေထဲ တစ်​ချက်​​ မျက်​စိကစားကြည့်​ပြီး ​ရှောင်းကျန့်​ အခန်းထဲက ပြန်​ထွက်​ခဲ့သည်​။

ဝမ်​ရိ​ပေါ် ဒီ​ကောင်​​လေး အတန်းလစ်​တာလား?

ဘေးအခန်းက ထွက်​လာတဲ့ စီနီယာဆရာတစ်​ဦးက ​ရှောင်းကျန့်​ကို ​တွေ့ပြီး နှူတ်​ဆက်​လာသည်​။

" ဆရာ​ရှောင်း ဘယ်​တုန်းက ပြန်​​ရောက်​တာလဲ? အခု အတန်းပြန်​ဝင်​ပြီလား? "

"ပြန်​​ရောက်​တာ​တော့ ဒီ​နေ့ပဲ ဆရာရဲ့.. အတန်းက​တော့ နက်​ဖန်​မှ ပြန်​ဝင်​မှာပါ "

"ဟုတ်​လား? ဒါဆို အခုပြန်​​တော့မလို့လား? "

" ဟုတ်​ကဲ့..ကျ​နော်​ တခြားလည်းလုပ်​စရာမရှိဘူးဆို​တော့​လေ"

"​ကောင်းပါတယ်​..အိမ်​ပြန်​ပြီး နားလိုက်ဦး​ပေါ့ ကျ​နော်​တို့က​တော့ အလုပ်​​တွေရှုပ်​​နေရတယ်​ MT ထွက်​ပြီးပြန်​​ရောက်​တာမှ မကြာ​သေးဘူး Fresher Welcome ရက်​က ချက်​ချင်းထွက်​လာပြီး အခု ပြင်​ဆင်​​နေရတယ်​ "

All I Ever Need Is You Where stories live. Discover now