အရက်​မူးတဲ့ ယုန်

15.4K 2K 218
                                    

ဟိုတယ်​​ရှေ့က ​မြေကွက်​လပ်​​လေးမှာ ​ကျောင်း​သား​တွေက မီးပုံတစ်​ခုလုပ်​ထားသည်​။ မိန်းက​လေး​တွေက တစ်​ဖက်​၊ ​ယောက်ျား​လေး​တွေက တစ်​ဖက်​နှင့်​  မီးပုံကို အလယ်​မှာထားကာ အဝိုင်းလိုက်​က​လေး ထိုင်​​နေကြသည်​။

ဟိုတယ်​ထဲက မှန်​တံခါးနားမှာ ထိုင်​​နေတဲ့ ​ရှောင်းကျန့်​က ​ကျောင်းသား​တွေကို လှမ်းကြည့်​​နေသည်​။

သီချင်းတစ်​ပုဒ်​ကို ဘယ်​သူက စဆိုလိုက်​တယ်​မသိ။ အားလုံးက ဝိုင်းပြီး ခပ်​မြိုင်​မြိုင်​ လက်​ခုပ်​တီးကာ ဆိုကြ​တော့ ​ရှောင်းကျန့်​ အလိုလို​နေရင်း တက္ကသိုလ်​​ကျောင်းသားဘဝကို လွမ်းမိသွားသည်​။

ရှောင်းကျန့်​တို့ ၊ယွီပင်းတို့က ငယ်​ငယ်​က ပို​တောင်​ ​ဆော့​သေးသည်​မဟုတ်​လား။ ​ရှောင်းကျန့်​ မာမားက တစ်​ဦးတည်း​သော သမီးဖြစ်​ခဲ့သလို ​ရှောင်းကျန့်​ကျ​တော့လည်း တစ်​ဦးတည်း​သော သား။ က​လေးအရွယ်​ကဆိုရင်​ ​ဆော့စရာအ​ဖော်​ဆိုလို့ အသက်​၃နှစ်​ခွဲသာပိုကြီးတဲ့ ​ရှောင်​လုဟန်​ပဲရှိခဲ့တာ။

ဒါ့​ကြောင့်​ ​ရှောင်းကျန့်​အတွက်​ ​ဦး​လေး ရှောင်​လုဟန်​က ဦး​လေးဝမ်းကွဲဆို​လည်းဟုတ်​၊ အစ်​ကိုဆိုလည်းဟုတ်​၊ သူငယ်​ချင်းဆိုလည်းဟုတ်​၏။

ရှောင်​လုဟန်​ ဘွဲ့ရပြီး အလုပ်​လုပ်​ဖို့မြို့ကထွက်​သွား​တော့ ​ရှောင်းကျန့်​မှာ ယွီပင်းတစ်​​ယောက်​သာရှိခဲ့​တော့သည်​။ အခု​တော့ ​ရှောင်းကျန့်​တို့လည်း ဘွဲ့ရပြီး အခု ​ရှောင်​လုဟန်​နဲ့အတူပြန်​ရှိရသလို ယွီပင်းနှင့်​လည်းပြန်​ဆုံရပြီ။

တက္ကသိုလ်​ဘဝ က အ​ပေါက်​ဆိုး​သောသချာင်္ဆရာကြီးအချိန်​ အတန်းလစ်​ခဲ့တာ​တွေပြန်​​တွေးမိပြီး ​ရှောင်းကျန့်​ ​ကျောင်းကြီးကိုပါသတိရသွားသည်​။ ပိတ်​ရက်​ကျ​ရင်​​တော့ ​မွေးရပ်​​မြေက ​ကျောင်း​တော်​ကြီးဆီကိုပါ အလည်​သွားဖို့​တေးထားမိသည်​။

"သီချင်းဆိုပါ..သီချင်းဆိုပါ "

ခပ်​ဆူဆူအသံ​တွေ​ကြောင့်​ ​ရှောင်းကျန့်​ရဲ့အာရုံ​တွေက ပစ္စုပ္ပန်​ကို ပြန်​​ရောက်​လာသည်​။ အပြင်​က က​လေး​တွေရှိရာဆီကြည့်​လိုက်​​တော့ တစ်​စုံတစ်​​ယောက်​ကို သီချင်းဆိုပြဖို့​တောင်းဆို​နေဟန်​။

All I Ever Need Is You Where stories live. Discover now