မင်္ဂလာပွဲမှာ ရှောင်းကျန့်နှင့် ရိပေါ်က သတို့သားအရံလုပ်သည်။ ပုံမှန်မင်္ဂလာပွဲတွေဆိုလျှင် သတို့သမီးအရံ ပါရဦးမည်ဖြစ်သော်လည်း ယောက်ျားလေးနှစ်ဦး လက်ထပ်သည့်ပွဲဖြစ်တာမို့ သတို့သမီးအရံမလိုတော့။
ပွဲမစခင် မိတ်ကပ်နှင့်အဝတ်အစား ပြင်ဆင်ရေးအခန်းမှာ အိုဆယ်ဟွန်းနှင့် ကျိုးကျို့လုဟန်တို့က သပ်သပ်ရှိနေသည်။ ရှောင်းကျန့်က တစ်ဖက်အခန်းကို ဝင်လာခဲ့သည်။
"ဝေါင်းးး! "
မှန်ရှေ့မှာ အနက်ရောင် Tuxedo နဲ့ ခန့်ညားရှင်းသန့်နေသော ဝမ်ရိပေါ်ကို ကြည့်ကာ ရှောင်းကျန့်က မျက်ခုံးပင့်ကာ လက်မနှစ်ချောင်း ထောင်ပြလိုက်သည်။နှစ်ယောက်အတူယှဉ်တွဲရပ်လိုက်သည့်အခါ မှန်မှာ လာထင်နေသော ယောကျာ်းနှစ်ဦး၏ ပုံရိပ်သည် ရင်သပ်ရှူမောလွန်း၍ အကြည့်မလွှဲနိုင်စရာဖြစ်နေသည်။
ရှောင်းကျန့်သည်လည်း အနက်ရောင် Tuxedo ကို ဝတ်ထားတာဖြစ်ပြီး နှစ်ယောက်မှာ လည်ပင်းမှာချည်ထားသည့် ဖဲပွင့်အရောင်သာ အဖြူနှင့်အနက်ဆိုပြီး ကွဲသည်။
ဒီနေ့မင်္ဂလာဆောင်မယ့် ဦးလေးလုဟန်တို့အတွဲကတော့ အဆင်နည်းနည်းကွဲသည့် လုဟန်၏အကြိုက်ဆုံးအရောင်ဖြစ်တဲ့ အဖြူရောင် Tuxedo။
"ကျနော် ဘယ်လိုနေလဲ? "
"ပြောစရာလိုလို့လား? "
ရှောင်းကျန့်က ပြုံးပြီး ဝမ်ရိပေါ်၏ လည်ပင်းက ဖဲပွင့်အနက်ကလေးကို သေသေချာချာချည်ပေးလာသည်။သူ့ဘာသာ ကောင်းကောင်းမွန်မွန်ရှိ နေတဲ့ ဖဲပွင့်လှလှကို တမင်သပ်သပ် အသားယူချင်လို့ သွားထိတယ်ပြောလည်းရပါတယ်။
ဒီကောင်လေးဟာ သူ့ အသက်အရွယ်လေးနဲ့ မလိုက် ဘာဝတ်ဝတ်ကို လိုက်ဖက်နေတော့တာပဲ။ အခုလို Suitနဲ့ဘာနဲ့ကျတော့လည်း လူကြီးပေါက်စလေးက ခန့်ခန့်ညားညားနဲ့ ကြည့်ကောင်းချက်။