ကျောင်းက စဖွင့်တဲ့လမှာပဲ Geology ဘာသာရပ်အတွက် Field Trip တစ်ခုထွက်ဖို့ပြင်ရသည်။ First Year အတန်းအတွက် ရှောင်းကျန့်က အဓိက တာဝန်ယူတဲ့ဆရာအနေနှင့်မဟုတ်ဘဲ ကျောင်းသားတွေကိုကြည့်ဖို့ အကူ ဆရာအနေအဖြစ် လိုက်ပါရမည်။
ဆရာကြီးတွေက အတန်းချိန်တွေကိုယ်စီနဲ့ မအားကြတော့ လိုအပ်တဲ့ပစ္စည်းတချို့ဝယ်ဖို့နှင့် ကားငှါးဖို့ကို ကျူတာလေးဖြစ်တဲ့ ရှောင်းကျန့်က စီစဉ်ရသည်။ တခြားဆရာအငယ်တစ်ဦး၏ ကားနှင့် ရှောင်းကျန့်တို့နှစ်ယောက် Express စီစဉ်ပြီးတဲ့အခါ Supermarket သွားပြီး စားစရာတချို့လည်း ဝယ်ရသည်။
ရှောင်းကျန့်ရဲ့ အတန်းချိန်က ညနေ သုံးနာရီပြီးတာဖြစ်ပေမယ့် ကားပါတဲ့ ဆရာကို စောင့်နေရသေးတာမို့ လေးနာရီမှ ထွက်ဖြစ်သည်။ အားလုံးစီစဉ်ပြီးတော့ အချိန်က ညနေ ၇နာရီ။
အပြန်နောက်ကျမယ်ဆိုတာ သိတာမို့ ကျောင်းက ထွက်ကတည်းက ကျိုးကျို့လုဟန်ကို Message ပို့ပြီး အကျိုးအကြောင်းပြောထားပြီးသား။ ညနေစာကို ရှောင်းကျန့် မချက်နိုင်တော့လောက်တာမို့ အပြင်ကနေ တစ်ခါတည်းစားခဲ့ဖို့ပါ မှာရသည်။
ပုံမှန်ဆိုလည်း ဦးလေးလုဟန်က အပြင်ကနေစားခဲ့တာများပေမယ့် ရှောင်းကျန့် ချက်ထားတယ်ဆိုပြီး မစားလာမှာစိုး၍ အသိပေးလိုက်ခြင်းသာ။
အဲ့လိုမျိုး ညနေစာလိုအသေးအဖွဲကအစ လိုက်ပြော၊လိုက်ကြည့်၊ လိုက်စိတ်ပူနေရတာက တူဖြစ်တဲ့ ရှောင်းကျန့်လေးပါပဲ။ ကျိုးကျို့လုဟန်ကတော့ ဘဲ နဲ့ သာယာနေပါ၏။
၇နာရီဆိုတော့ ပတ်ဝန်းကျင်ကမှောင်နေပြီ။ အတူသွားတဲ့ဆရာက သူ့ကားနဲ့အိမ်ကိုလိုက်ပို့မယ်ပြောပေမယ့် ရှောင်းကျန့်ရဲ့စက်ဘီးလေးက ကျောင်းမှာထားခဲ့တာလေ။ စက်ဘီးလေးကျန်ခဲ့ရင် ရှောင်းကျန့် နောက်နေ့ ကျောင်းဘယ်လိုလာမလဲ? ထို့ကြောင့် ကျောင်းကိုသာ ပြန်ပို့ခိုင်းရသည်။