ဒီနေ့က ပိတ်ရက်ဆိုတော့ အိပ်ရေးမက်တဲ့ ရှောင်းကျန့်တစ်ယောက် နေတော်တော်မြင့်မှ အိပ်ရာက ထလာသည်။ Silent လုပ်ထားတဲ့ဖုန်းမှာ ရဲရဲတောက် ဝင်နေသည့် Missed Call များက ကျိုးကျို့  လုဟန်ထံမှ။
နောက်ပြီးစာတစ်စောင်။
အဲ့ဒီစာကိုဖတ်ပြီး ရှောင်းကျန့် မျက်လုံးပြူးသွားသည်။ ဖုန်းမကိုင်လို့ ဆဲထားသည့်အပြင် သူနဲ့သူ့ဘဲကြီးရဲ့ မင်္ဂလာရက်ကို သတ်မှတ်ပြီးတဲ့အကြောင်းရယ်၊ ခရီးသွားမှာမို့ နှစ်ပတ်လောက် ပြန်မလာသေးတဲ့အကြောင်းရယ်ကိုပြောထားသည်။
ဖုန်းပြန်ခေါ်မလို့လုပ်တုန်းမှာပဲ ခြေထောက်ကိုလာပွတ်သပ်နေတဲ့တစ်စုံတစ်ရာကြောင့် ငုံ့ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ Zhu။
မနက် ၁၀ နာရီတောင်ရှိနေပြီပဲ ဒီကောင်ကြီး ဗိုက်ဆာနေရောပေါ့။
ဗီရိုထဲက ကြောင်စာတွေကို ခွက်ထဲထည့်ပေးရင်း ရှောင်းကျန့်က ဘေးနားမှာ ငုတ်တုတ်ထိုင်လိုက်သည်။
မှန်းစမ်း .. Zhu ဒီ လေးငါးရက်အတွင်း ပိန်ကျသွားသလိုပဲ ။ မဟုတ်မှ ဒီကောင်ကြီး ဝိတ်ချနေတာများလား? သေချာကြည့်တော့မှ မျက်နှာလည်း မကောင်းသလိုပဲ။
"Zhu မင်း ကျိုးကျို့လုဟန်ကို လွမ်းလို့ ဝိတ်ကျသွားတာလား? "
"ညှောင်~ " (Translate- မဟုတ်ဘူး)
"အာ...ငါသိပြီ! ငါသိပြီ!
ဟိုဘက်အိမ်က တရုတ်မ ခြံခုန်သွားလို့လား?
မင်းအဲ့တာကြောင့် အသဲကွဲနေတာမလား? "ကြောင်စာတွေကို တစ်ခုချင်းစီ နှိုက်စားရင်း မေးနေတဲ့ ရှောင်းကျန့်ကို ခေါင်းမဖော်တမ်း စားနေတဲ့ Zhu က မော့ကြည့်တယ်။
ဒီအရူးကတော့ ဘာတွေပြောနေတာလဲ
သူစားတာနဲ့ ငါ့တစ်နပ်စာ ကုန်တော့မယ်"ငါထင်ပါတယ် မင်းအဲ့တာကြောင့် ဒီလောက်ထိ ခံစားနေရတာပဲ "