ဆရာနှင့်​တပည့်

16.1K 1.9K 177
                                    

Zawgyi

ဒီ​နေ့က ​​ကျောင်းစဖွင့်​ပြီးလို့ ဒုတိယ​မြောက်​ရက်​သတ္တပတ်​။ ​ရှောင်းကျန့်​ လည်း ​ကျောင်းမှာ တရားဝင်​ အလုပ်​ဝင်​နေရပြီ။ ​ရှောင်းကျန့်​ က ပထမနှစ်​နဲ့ တတိယနှစ်​ အတန်းနှစ်​ခုကို တာဝန်​ယူရသည်​။ ပထမနှစ်​အတန်းမှာ Drawing လက်​​ထောက်​ဆရာအ​နေနဲ့ ဝင်​ပြီး တတိယနှစ်​အတန်းအတွက်​က​တော့ Fluid Mechanics ကို သင်​ရမည်​။

"ပြီးခဲ့တဲ့ သောကြာနေ့က ဆရာကြီးလန် ဆွဲခိုင်းလိုက်တဲ့ ပုံတွေ ထပ်ရပါမယ် အတန်းခေါင်းဆောင်!! "

ရှောင်းကျန့် ခေါ်လိုက်တော့ နံရံဘက်အခြမ်းမှ နောက်ဆုံးခုံက ရေတွက်​ရင် သုံးတန်းမြောက်မှာထိုင်နေတဲ့ ဝမ်ရိပေါ်က မော့ကြည့်လာသည်။

" အတန်းပြီးရင် စာရွက်တွေစုပြီး ဆရာ့ရုံးခန်းကို ယူလာပေးနော် "

ရှုတည်တည်ရုပ်နဲ့ပဲ ခေါင်းငြိမ့်၏။

လွန်ခဲ့တဲ့တစ်ပတ်က ဝမ်ရိပေါ်ကို အတန်းခေါင်းဆောင်တာဝန်ပေးတော့ အလုပ်ရှုပ်တယ် မလုပ်ချင်ဘူးဘာညာနဲ့ ပွစိပွစိလုပ်သေးသည်။ ​နောက်​​တော့လည်း လက်​ခံသွားခဲ့​သည်​။ ​ရှောင်းကျန့်​ကလည်း ဘာရယ်​မဟုတ်​ဘူး ကိုယ်​နဲ့သိ​နေတဲ့​ကျောင်းသား မျက်​မှန်းတန်းမိ​နေလို့ ဒီအတိုင်း ​ရွေးချခဲ့လိုက်​တာဖြစ်​သည်​။

ရှောင်းကျန့်​ အတန်းထဲကထွက်​သွားတာနဲ့ တပြိုင်​တည်း ​အိမ်​စာပြီးတဲ့​ကျောင်းသား​တွေက ဝမ်​ရိ​ပေါ်ထံ သူတို့စာရွက်​​တွေကို လာထပ်​ကြသည်​။ အခုမှ လိုအပ်​တာပြန်​ဖြည့်​​နေတဲ့လူ​တွေကို ​စောင့်​ယူရင်း ဆယ့်​ငါးမိနစ်​​လောက်​ကြာမှ ဆရာ​တွေရုံးခန်းကို ဝမ်​ရိ​ပေါ်​ရောက်​လာနိုင်​သည်​။

ရုံးခန်းထဲကိုမဝင်​ခင်​ တံခါးဝမှာ ပြူတစ်​ပြူတစ်​လုပ်​​နေသည့်​ ​​ကျောင်းသူမ​လေးနှစ်​​ယောက်​ကို ဝမ်​ရိ​ပေါ်မြင်​လိုက်​သည်​။ စိတ်​ဝင်​စားတာမဟုတ်​​ပေမယ့်​ သူတို့လက်​ထဲက စာအိတ်​ကိုယ်​စီကို ဖြတ်​ခနဲမြင်​လိုက်​​တော့ ဝမ်ရိ​ပေါ် မျက်​​မှောင်​ကျုံ့မိသွားသည်​။

All I Ever Need Is You Where stories live. Discover now