Date မဟုတ်​တဲ့ Date

13.4K 1.8K 256
                                    

Welcome က အဆင်​​ပြေ​ပြေပဲ ပြီးသွားသည်​။ The Whole King&Queen ဆုရသွားတာက​တော့ ဝမ်​ရိ​ပေါ်တို့အတွဲဖြစ်​​လေသည်​။

သူတို့အတွဲရဲ့ Performance က ​ရှောင်းကျန့်​​ရွေး​ပေးခဲ့တဲ့ ပြဇာတ်​။ အဲ့ဒီဇာတ်​လမ်းတိုကို သရုပ်​​ဆောင်​ရသည့်​အထဲ မင်းသမီးက ​ဇာတ်​အနာဆုံးဖြစ်​သည်​။ အဆုံးသတ်​မှာ​တော့ မင်းသမီးလုပ်​တဲ့ Queen က ​သေပွဲဝင်​၏။

အကဲဖြတ်​မှတ်​မှာ အမှတ်​အများဆုံးရ​လေ​တော့ Senorita သီချင်းနဲ့ မကဘဲ ဒီလိုသရုပ်​​ဖော်​ဇာတ်​လမ်းတို​ပြောင်း​လိုက်​သည့်​ ​ရှောင်းကျန့်​ကိုပဲ ​ကျေးဇူးတင်​ရမလို။ ယုန်​ကြီးက အကြံဇိုးနဲ့ ဆိုတာ​တော့ ဝမ်​ရိ​ပေါ်သာ သိမည်​ထင်​။

အဲ့ဒီ​နေ့ ည​နေ။

သရဖူ​လေး​ဆောင်း ၊ စလွယ်​​လေးလွယ်​ပြီး အသဲပုံအရုပ်​​လေးကိုင်​ထားတဲ့ Queenမ​လေးက သူ့ရဲ့တွဲဖက်​ ရိ​ပေါ်ကို ဇာတ်​လမ်းလုပ်​ဖို့ လိုက်​ရှာ​နေသည်​။ သို့​သော်​ ကံမ​ကောင်းစွာနဲ့ဘဲ ဝမ်​ရိ​ပေါ်က​ ​ရှောင်းကျန့်​​နောက်​ ​ကောက်​​ကောက်​ပါသွားခဲ့ပြီ။

"​နေဦး..​နေဦး ဟိုမှာ ဘာလဲမသိဘူး
သွားကြည့်​ရ​အောင်​ "

ဆိုင်​ကယ်​​ပေါ်က သွက်​သွက်​ဆင်းပြီး ​ဈေး​ရောင်း​ပွဲ​တော်ကြီး ​ကျင်းပ​နေသည့်​အထဲ ဝင်​သွားတဲ့ ​ရှောင်းကျန့်​​နောက်​ကို ရိ​ပေါ် ​ပြေးလိုက်​ခဲ့ရသည်​။

"ဝမ်​ရိ​ပေါ်..ဟိုမှာ ကြည့်​လိုက်​ "

ရှောင်းကျန့်​ ညွှန်​ပြသည့်​အရာက ကြိုးဝိုင်းကြီးဖြစ်​သည်​။ ​​လေး​ထောင့်​ပုံ ကြိုးစည်းခတ်​ထားသည့်​အထဲ ပလတ်​စတစ်​ ကန်​အကျယ်​ကြီးရှိသည်​။ ထိုကန်​ကြီးထဲမှာ အဆာ​ပြေမုန့်​​တွေ အပြည့်​ရှိ​နေသည်​။

ရှောင်းကျန့်​က ရိ​ပေါ်ရဲ့လက်​ကို ကိုင်​ပြီး ထိုအနားကိုဆွဲ​ခေါ်သွားသည်​။

ရေကူးကန်​ မဟုတ်​​သော အဆာ​ပြေမုန့်​ကန်​ကြီးသည်​ အရုပ်​​ကောက်​စက်​ မဟုတ်​သည့်​ မုန့်​​ကောက်​စက်​ဖြစ်​သည်​။ အရုပ်​​ကောက်​သည့်​ စက်​တွင်​ရှိ​သော စက်​ရုပ်​လက်​​နေရာတွင်​ လူကို ချီပြီး အရုပ်​​တွေအစား မုန့်​​တွေထဲကို ပစ်​ချ​ပေးမှာဖြစ်​သည်​။

All I Ever Need Is You Where stories live. Discover now