Zawgyi
အားကစားပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီအကြီးကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဘောစိရှောင်လုဟန်မှာ ကိုယ်ပိုင်ကားတစ်စီးတောင် မရှိပါဘူးတဲ့။ မနက်အလုပ်သွားတဲ့အခါ သူဘာနဲ့သွားလဲ ရှောင်းကျန့်သိချင်သေး။
သူ့ကားနဲ့ကပ်လိုက်ဖို့ပြင်ထားတဲ့ ရှောင်းကျန့်ဟာ ယခုတော့ သူဘာနဲ့သွားမလဲစောင့်ကြည့်ဖို့ ဧည့်ခန်းကနေ ထိုင်စောင့်နေလိုက်သည်။ ခဏနေတော့ အလုပ်သွားဖို့ ဝတ်စုံပြည့်ဖြင့် သပ်သပ်ရပ်ရပ်ရှိသော ရှောင်လုဟန် အခန်းထဲကထွက်လာပါသည်။
သူအိမ်ပြင်ကိုထွက်လိုက်တာနဲ့ ခြံတံခါးရှေ့မှာ ကြိုတင်ရပ်စောင့်နေပြီးသားဖြစ်တဲ့ ဇိမ်ခံကားအနက်တစ်စီးကို ရှောင်းကျန့်မြင်လိုက်ရသည်။ ရှောင်လုဟန်က သူ့ကို လက်ပြပြီး ကားပေါ်တက်သွားတဲ့အခါ ကားမောင်းသူနေရာမှာ ရှိနေတဲ့လူကို ရှောင်းကျန့် လှမ်းမြင်လိုက်ရသေး၏။
အဲ့တာကတော့ အမျိုးသားတစ်ယောက်ဖြစ်တယ်ဆိုတာ အသေအချာပါဘဲ။
ရှောင်လုဟန်ရဲ့ သူငယ်ချင်းလား? ဒါမှမဟုတ် ဝန်ထမ်းလားဘာလား? ဘယ်သူဖြစ်ဖြစ် နောက်များမှ မေးကြည့်ဖို့တေးရင်း ရှောင်းကျန့်လေးကတော့ ဘတ်စ်ကားမှတ်တိုင်ရှိရာဆီ လမ်းလျှောက်ခဲ့ရပါတော့သည်။
ရှောင်လုဟန်မှာ ကားမရှိဘူး။ အသိမိတ်ဆွေမရှိသေးတဲ့ ရှောင်းကျန့်ကို ရှောင်လုဟန်လိုမျိုးလည်း ဘယ်သူကမှ လာကြိုပို့ပေးမှာမဟုတ်ဘူး။တစ်နေရာကိုသွားတိုင်း တက္ကစီသာငှါးစီးနေရရင် အလုပ်က လစာမရခင်မှာဘဲ ရှောင်းကျန့်ရဲ့ပါလာတဲ့ငွေလေးတွေ ပြုန်းသွားတော့မှာ။
ဦးလေးဖြစ်သူရှောင်လုဟန်က ဘောစိမို့ မှီစားလို့ရပေမယ့် အသက်၂၅နှစ်အရွယ် ရှောင်းကျန့်ရဲ့ ကိုယ့်ကိုယ်ကိုယ်သာ တာဝန်ယူချင်သော စိတ်ကလေးလည်းရှိသေးတာမို့် ။ ရှိတဲ့ပိုက်ဆံလေး ချွေတာတဲ့အနေနဲ့ ဘတ်စ်ကားစီးပြီး အလုပ်သွားဖို့ လောလောဆယ် စဉ်းစားထားလိုက်သည်။