အခြေအနေက မုန်တိုင်း မလာခင် လေငြိမ်နေသလိုပဲ။ ငလျင်အကြီးကြီး မလှုပ်ခင် ငလျင်သေးသေးလေးတွေ ခဏခဏလှုပ်နေသလိုပေါ့။ ကျိုးကျို့ လုဟန်ရဲ့ ဒေါသတွေက အိမ်ကြီးကိုတောင် ဖိန့်ဖိန့်တုန်နေစေတယ်။
သိပ်မကြာခင်က အပျော်လုံးတွေစို့နေတဲ့ ရှောင်းကျန့်က အခုတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ငုတ်တုတ်ကလေး အပျော်လုံးတွေ နင်နေရပြီ။
ကောက်နေအောင်ကွေးသွားပြီဖြစ်တဲ့ ရှောင်းကျန့်က အိမ်ရှေ့ မျက်စောင်းထိုးမှာ အိုဆယ်ဟွန်းရဲ့ ကား ရောက်လာတာတောင် သတိမထားမိခဲ့တဲ့အထိ အချစ်စိတ်တွေ မိုးမွှန်နေခဲ့တာလေ။
အခုတော့ ရလဒ်က ကျိုးကျို့ လုဟန် မိသွားခြင်းပါပဲ။ညကြီးမိုးချုပ် အိပ်ခါနီးမှ ကုတင်ပေါ်ကနေ ဆွဲခေါ်ခံရပြီး အခုလို အပွားခံဖို့ ထိုင်နေရသည့်အဖြစ်ပေါ့။
" ငါ့ကို ဘာဖြေရှင်းချက်ပေးဦးမလဲ ရှောင်းကျန့် "
ဆယ်မိနစ်လောက်ကြာအောင် ခါးကြီးထောက်ပြီးစိုက်ကြည့်နေတဲ့ ကျိုးကျို့လုဟန်က နောက်ဆုံးတော့ စကား စ လာပြီ။
"ဘာကိုပေးရမှာလဲ? "
(မျက်တောင်လေးနှစ်ချက်ခတ်)"မခုတ်တတ်တဲ့ကြောင်လို လာမကြည့်နဲ့ .. ငါမင်းကို သေချာ မှာထားတဲ့ကြားက ဒီကိစ္စဘယ်လိုဖြစ်သွားတာလဲ ပြော?! "
"ဘယ်သိမလဲလို့? ဒီလိုပဲ သီးချိန်တန်ရင် သီး၊ ပွင့်ချိန်တန်ရင်ပွင့်၊ ကွေးချိန်တန်ရင် ကွေးး ဆိုသလို ဖြစ်ချိန်တန်လို့ ဖြစ်တာနေမှာပေါ့"
" ဘာ..ဘာ ဘယ်လို? "
"စကားပုံတောင် ရှိသေးတယ်မလား.. ကြိုးချင်းထား ကြိုးချင်းငြိသလို အိုးချင်းထားတော့ အိုးချင်းထိတယ်တဲ့..တရားနဲ့ဖြေပါ ကျိုးကျို့ရယ်! "
"ဘာကွ!! မင်း လေ အလကားရတိုင်း လျှောက်ပြောနေတာတွေ အခုရပ် ရှောင်းကျန့်..ငါ စကားအကောင်းပြောနေတာ..မင်းတို့ ဘယ်အချိန်ကတည်းက ဒီလိုဖြစ်နေတာလဲ?! "