အချိန်၂လတောင်ကြာခဲ့ပြီးနောက်Jiminလည်းအလုပ်ခွင်ဝင်နေပြီဖြစ်သည်..
သူကိုယ်တိုင်စိတ်ကြိုက်ရွေးထားတဲ့နေရာလေးမှာJewelry designဆိုင်လေးသူဖွင့်ဖြစ်သည်..
Yoongiကိုယ်တိုင်သူလိုချင်တဲ့နေရာကိုဝယ်ပေးထားတာမို့သူမကျေနပ်စရာအကြောင်းမရှိ..
ပြီးတော့Min interpriseရဲ့သူကပြောရရင်CEOယောက်ျားလေ..အရှိန်နဲ့အ၀ာနှင့်ဖြစ်သောကြောင့်သူ့ဆိုင်လေးကနာမည်ရသည်ဟုပြောနိုင်သည်..
တချို့ကတော်တွေကသူ့Designတွေကိုဆိုင်မှာလာကြည့်ပြီးအပ်ရင်အပ်မအပ်ရင်သီးသန့်သူပြန်ဆွဲပေးသည်..
သူကြိုက်တဲ့အလုပ်မှာသူလုပ်နေတာကိုသူတော်တော်ပျော်နေမိသည်..
ပျော်နေသည်ဟုပြောရာတွင်အကြောင်းပြချက်တစ်ခုကလည်းပါသေး..
သူMin Yoongiဆိုသောလူသားကိုချစ်နေမိပြီလို့သူ့ကိုယ်သူထင်သည်..အစပိုင်းတွင်အများကြီးမုန်းခဲ့သည်ဟုထင်သော်လည်းနောက်ပိုင်းသူ့အပြုအမူတွေကြောင့်စိတ်တော်တော်ယိုင်လာခဲ့သည်..
"သူဌေးလေး..အိမ်ကလာကြိုတဲ့ကားရောက်နေပါပြီ.."
ဆိုင်က၀န်ထမ်းကောင်မလေးလာပြော၍သူအခုမှသတိထားမိသည်..
"ညနေတောင်စောင်းပြီလား.."
"ဟုတ်သူဌေးလေး"
"Jimin..ပြန်မယ်လေ.."
အသံလာရာကိုကြည့်လိုက်မိတော့သူပိုင်ဆိုင်ထားသောလူသားMin Yoongi..
"လာတောင်ကြိုပြီလား..ဒီနေ့အလုပ်စောပြီးတာလား"
"စောဆင်းလာတာ..ကလေးနဲ့ညစာစားမယ်လေ..လာ.."
သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့Yoongiကိုမငြင်းမိ..မရုန်းမိ..
ပြောရရင်ဒီ၂လအတွင်းMin Yoongiလည်းတော်တော်ရဲလာသည်..
"အင်းဘယ်ဆိုင်မှာစားမလဲ.."
"ကိုယ်reserveလုပ်ထားတယ်စိတ်မပူနဲ့.."
Yoongiပြောတာကိုနားထောင်ပြီးJiminကားထဲဝင်ထိုင်လိုက်သည်..
"ဘယ်ကိုသွားမှာလဲYoongi"
"ရောက်ရင်သိမှာပေါ့ကလေးရဲ့.."
Min Yoongiရဲ့အကျင့်တစ်ခုကတစ်ခုခုsurpriseဖြစ်ဖြစ်လုပ်ထားတာမျိုးရှိမှသာနေရာမပြောတတ်တာ..ဘာကြံစည်ထားလဲမသိ..
YOU ARE READING
The Bride of the Beast || Yoonmin ✔️
Fanfiction"မကောင်းဆိုးဝါးတစ်ကောင်ရဲ့အရွေးချယ်ခံဖြစ်ရတဲ့ဘဝကိုခင်ဗျားတို့နားမလည်ကြဘူး.." Cover made by my favourite bae @Chubby_whale