နောက်တစ်နေ့မနက်..Yoongiထူးထူးဆန်းဆန်းစောစောနိုးလာသည်..ပုံမှန်ဆိုalarmမမြည်မချင်းထလေ့ရှိသည်မဟုတ်..
သူနာရီကြည့်တော့ခြောက်နာရီခွဲ..အင်း..အရမ်းတော့မစောလွန်းပေ..
သူအိပ်ရာကနေထဖို့ပြင်လိုက်တဲ့အချိန်ရင်ဘတ်ထဲကိုလူးလွန့်တိုးလာတဲ့ခေါင်းလေး..
သူ့ကလေးအိပ်ပျော်နေတာပဲ..သူမေ့နေတာပါလား..
Yoongiပြုံးလိုက်မိသည်..အိပ်ပျော်နေသောသူ့ကလေးငယ်သည်အလွန်ချစ်စရာကောင်းလွန်းနေသည်..
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကသူ့မြတ်နိုးရာ..မျက်တောင်ရှည်လေးတွေကိုလည်းသူချစ်သည်..
အဓိကနေရာက ကလေးငယ်ရဲ့နှင်းဆီနှုတ်ခမ်းထူထူတစ်စုံ..Yoongiစိတ်ထိန်းနိုင်တော့မည်မထင်၍ကလေးငယ်ဆီကနေအကြည့်လွှဲလိုက်သည်..
သူ့ကလေးငယ်ကိုသူကပန်းကလေးတစ်ပွင့်ပမာချစ်သည်..တယုတယနှင့်မြတ်မြတ်နိုးနိုးကိုချစ်သည်..
ကလေးငယ်ကတော့သူ့ကိုမချစ်..မချစ်မှန်းသိရက်နဲ့ကိုYoongiကလေးငယ်ကိုရအောင်လက်ထပ်ခဲ့သည်..
သူကလေးငယ်ကိုလက်မလွှတ်နိုင်ခဲ့ဘူးလေ..
သူ့ကလေးငယ်နိုးမှာစိုး၍အိပ်ရာပေါ်ကနေYoongiဖြေးညင်းစွာထလိုက်သည်..ထို့နောက်ကလေးငယ်ကိုစောင်လေးပြန်ခြုံပေးပြီးသူလည်းမျက်နှာသစ်အဝတ်အစားလဲဖို့သူ့အခန်းဘက်ပြန်ထွက်လာခဲ့သည်..
နာရီဝက်လောက်ကြာတော့သူအကုန်ပြီးစီးသွားသည်..ရုံးကိုသူ့ကလေးငယ်နေကောင်းမှပြန်လာတက်မည်ဟုအကြောင်းကြားပြီးသားဖြစ်၍Yoongiနောက်ဆံတင်းစရာမရှိ..
Jiminအခန်းထဲပြန်ဝင်လာတော့သူ့ကလေးကခုတင်ပေါ်မှာငုတ်တုတ်လေး..
မျက်လုံးလေးကိုပွတ်ကာအိပ်ချင်မူးတူးဖြစ်နေသောကလေးငယ်ရဲ့ပုံစံလေးကသူ့ကိုအသည်းယားစေသည်..
ESTÁS LEYENDO
The Bride of the Beast || Yoonmin ✔️
Fanfic"မကောင်းဆိုးဝါးတစ်ကောင်ရဲ့အရွေးချယ်ခံဖြစ်ရတဲ့ဘဝကိုခင်ဗျားတို့နားမလည်ကြဘူး.." Cover made by my favourite bae @Chubby_whale