part. 1

94K 3.4K 74
                                    

ရှောင်ကျန့်က ရင်တွေအရမ်းခုန်နေတယ် ။ ဒီနေ့က သူ့ရဲ့လက်ထက်ပွဲနေ့မဟုတ်လား ။ သူပိုင်ဆိုင်ချင်လွန်းတဲ့ကောင်လေးကို ပိုင်ဆိုင်ခွင့်ရတဲ့နေ့ပင် ။ မင်္ဂလာပွဲတွင် ရှောင်ကျန့်ရဲ့မျက်နှာလေးပြုံးနေသလောက် တစ်ဖက်လူရဲ့မျက်နှာထားကတော့ တင်းမာနေတယ် ။ ​ရှောင်ကျန့်က ဒါကိုမြင်ပေမဲ့ မသိချင်ယောင်ဆောင်လို့ ဧည့်သည်တွေကို လိုက်နှုတ်ဆက်နေလိုက်တယ် ။

" ရီပေါ် ဖေဖေတို့က ခဏလာခဲ့အုံးတဲ့ ''

" ခင်များမိဘတွေခေါ်တာပဲသွားပေါ့ ။ ကျုပ်နဲ့မှမဆိုင်တာ ''

" ဒါပေမဲ့ ရီပေါ်... ''

" ရှောင်ကျန့် ခင်များဘာဖြစ်ချင်နေတာလဲ ? ပွဲပျက်ချင်နေတာလား? ''

ရှောင်ကျန့်က ကောင်လေးရဲ့စကားကြောင့် ဘာမှမပြောတော့ပဲ ထွက်လာလိုက်တယ် ။ သူ့မိဘတွေကိုလည်း အဆင်ပြေသလိုကြည့်ပြောလိုက်တယ် ။

ရီပေါ်က ထွက်သွားတဲ့ထိုလူကိုစိုက်ကြည်ပြီး စိတ်ကနေရေရွတ်လိုက်တယ် ။ ခင်များ ကျွန်တော့်ကို မတရားလက်ထက်ခဲ့တဲ့အတွက် ကျိန်းသေနောင်တရစေရမယ် ။ သူ ထိုလူကိုမုန်းတယ် ။ ဖြစ်နိုင်ရင် ဘယ်တော့မှမတွေ့ချင်ပါ ။

ရီပေါ်က ထိုလူအကြောင်းတွေးပြီး စိတ်တိုနေတုန်းမှာပဲ အခန်းဝမှာ သူ့ကို လှမ်းကြည့်နေတဲ့ ချစ်ရတဲ့လူကို ​တွေ့လိုက်တယ် ။ သူမက သူ့ကိုမြင်တော့ ချက်ခြင်းပြေးထွက်သွားတာကြောင့် နောက်ကနေပြေးလိုက်ကာ ​အော်ခေါ်လိုက်တယ် ။

" ပိုင်ချင်း!! ပိုင်ပိုင် ကိုယ့်ကိုခဏစောင့်! ''

ရုန်းကန်နေတဲ့သူမကို ငြိမ်ကျသွားတဲ့အထိ ရင်ခွင်ထဲ တင်းကြပ်နေအောင် ဖက်ထားလိုက်တယ် ။

" ရီပေါ် ငါ့ကိုလွှတ်ပေးပါဟာ ''

မျက်ရည်တွေနဲ့တောင်းဆိုလာတဲ့ သူမစကားကြောင့် သူ့ရင်ဘတ်တွေကအာင့်တက်လာတယ် ။

" ပိုင်ပိုင် ကိုယ်...''

"ရီပေပါ် နင်က လက်ထက်သွားပြီဆိုတော့ သေချာပေါက် အိမ်ထောင်ဦးစီးကောင်းဖြစ်လာရမယ်နော် ။ ငါနိုင်ငံခြားမထွက်ခင် နောက်ဆုံးအနေနဲ့ လာနှုတ်ဆက်တာ ။ နင်ပျော်ရွှင်ဖို့ ငါဆုတောင်းပေးတယ် ''

Still Love You [ Completed ]Where stories live. Discover now