ရီပေါ်က သူကို ပြုံးပြလာတဲ့သူမကို တင်းနေအောင်ဖက်လိုက်တယ် ။ သူမကလည်း သူ့ကို ခါတိုင်းလိုခေါင်းလေးကိုပုတ်ပေးပြီး ရင်းနှီးစွာပြန်တုန့်ပြန်လာတယ် ။
" ရီပေါ် နင်အရင်တိုင်းပဲ မပြောင်းလဲဘူး ။''
သူ့ကို သာမန်လိုပဲစကားတွေပြောနေတဲ့ သူမကို ရီပေါ်က ငေးကြည့်နေမိသည် ။
"ကိုယ် မင်းကိုလွမ်းနေခဲ့တာ ''
" ငါလက်ထက်တော့မယ် ရီပေါ် ။ ''
"...........''
ရီပေါ်က လက်သီးတွေကို တင်းနေအောင်ဆုပ်မိသွားတယ် ။ လက်ထပ်တော့မယ်တဲ့လား? ။
" ငါ နိုင်ငံခြားရောက်တော့ သေချာစဉ်းစားမိတယ် ။ နင့်အပေါ်ရှိတဲ့ ငါရဲ့စိတ်တွေက သူငယ်တစ်ယောက်ထက်မပိုခဲ့ဘူး ။ ငါ့ဘေးနားမှာ နင်ရှိရင် လုံခြုံသလိုခံစားရတယ် ။ ဘာလို့အဲ့ဒီလိုခံစားရလဲဆိုတော့ ငါတို့က ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာခဲ့တာလေ ။ အဲ့ဒီတော့ ငါတို့ရဲ့ခံစားချက်တွေက ရောသွားကြတာပေါ့ ''
ပိုင်းချင်းက သူမပြောလို့မပြီးသေးခင်မှာပဲ ခုံကိုခြေထောက်နဲ့ ကန်လိုက်တဲ့ရီပေါ်ကြောင့် လန့်ဖြတ်သွားတယ် ။ ရီပေါ်က အရင်ကထက်တောင်ဆိုးလာတာပဲ ။
" မဟုတ်ဘူး ကိုယ် မင်းကိုချစ်တာသေချာတယ် ''
" နင် သချာတွေးကြည့်စမ်းပါ ။ ထပ်ပြီးတော့ ကိုယ့်ကိုညာမနေနဲ့တော့ ။ နင် ငါ့ကိုမချစ်ပါဘူး ''
ပိုင်ချင်းက သူမပြောတာကိုနားမထောင်ပဲ ထွက်သွားတဲ့ရီပေါ်ကိုကြည့်ကြောင့် သက်ပြင်းချမိသည် ။ ရီပေါ် နင်က နင့်ခံစားချက်တွေကို အခုအချိန်အထိသေချာမသိသေးဘူးပဲ ။ ရီပေါ်အကြောင်းကိုတွေးနေတုန်း အနောက်ကနေ သူမရဲ့ခါးကိုဖက်လာတဲ့ သူမရဲ့ခင်ပွန်းလောင်း ။
" ပိုင်ပိုင် ဘာတွေအဲ့ဒီလောက်တောင် သက်ပြင်းချနေတာလဲ? စိတ်ညစ်စရာတွေရှိနေလို့လား? ''
" ရီပေါ်ဆိုင်ကိုလာသွားတယ် ကို ။''
" ကိုယ်နားလည်ပါတယ် ။ သူက ငယ်သေးတယ်မလား ။ မင်းပြောတာတွေကို ချက်ခြင်းတော့လက်ခံနိုင်အုံးမှာမဟုတ်ဘူး ။ သူ့ကို အချိန်ခဏလောက်တော့ပေးလိုက်ပါ ။ ''
YOU ARE READING
Still Love You [ Completed ]
FanfictionStart Date - 8 Sep 2019 End Date - 27 Oct 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]