part. 3

33K 2.6K 55
                                    

ရှောင်ကျန့်က နာကျင်မှုတွေနဲ့အတူ နိုးလာခဲ့တယ် ။ ဘေးဘက်ကိုကြည့်လိုက်တော့ လွတ်နေတဲ့နေရာလေး ​။ လက်လေးနဲ့အသာထိကြည့်လိုက်တော့ အေးစက်လို့နေပြီဖြစ်တယ် ။ ​ကောင်လေးက ဘယ်အချိန်တည်းက ထသွားတာပါလိမ့် ။ နာကျင်နေတဲ့ခန္ဓာကိုယ်ကိုလျစ်လျူရှုပြီး ရေချိုးခန်းထဲသွားကာ ဆေးကြောဖို့ပြင်လိုက်သည် ။

မှန်ပေါ်မှာပေါ်နေတဲ့ သူ့ခန္ဓာကိုယ်ပေါ်က ကိုက်ရာတွေကိုကြည့်ရင်း ဝမ်းနည်းလာမိတယ် ။ သူ့ရဲ့ဘဝကိုပေးလိုက်ရတာမို့ ဝမ်းနည်းလို့မဟုတ်ပဲ သူ့ကို စကားနာထိုးခဲ့ကာ အတင်းယူခဲ့တာကြောင့်ပင် ။ အလုပ်တော့နောက်ကျတော့မှာပဲ ။

ကန်တင်းတွင် မျက်နှာထားတင်းမာစွာနဲ့ ထိုင်နေတဲ့ရီပေါ်ကြောင့် သူငယ်ချင်းများက ခပ်လန့်လန့်ဖြစ်လို့နေတယ် ။

" ရီပေါ် မင်းမျက်နှာက ဘာဖြစ်နေတာလဲ ? ''

" ကျစ်! အသာနေစမ်းပါ ငါစိတ်ရှုပ်နေတယ် ''

" မင်းကများ ပြောရတယ်ရှိသေး ။ သူဌေးသားလေးကို လက်ထက်ထားတာပဲ ဂုဏ်ယူလိုက်စမ်းပါ ''

" ​ဟောက်ရွမ်း မင်းပါးစပ်ကို မင်းဘာသာပိတ်မလား ? ငါလာပိတ်ပေးရမလား ? ''

တကယ်တင်းနေတဲ့ရီပေါ်ကြောင့် အကြောင်းသိသူပီပီ ဟောက်ရွမ်းက ကိုယ့်ပါးစပ်ကိုသာပိတ်လိုက်သည် ။ ဟွန့် !! သူကပဲတင်းနေရတယ်ရှိသေး ။ ရှောင်ကျန့်ကိုရသွားတာကို ဂုဏ်ယူမယ်မရှိဘူး ။ ရှောင်ကျန့်သာ သူ့ကိုလာကြိုက်ကြည့် ပျော်လွန်းလို့တစ်ကျောင်းလုံးပတ်ပြေးနေလောက်ပြီ ။

ရီပေါ်က သူငယ်ချင်းဖြစ်သူရဲ့ တီးတိုးတီးတိုးပြောနေတာကို ကြားနေပေမဲ့လည်း ဘာမှပြန်မပြောချင်တဲ့အတွက် အသာနေလိုက်တယ် ။ ရှောင်ကျန့်ကိုလိုချင်တဲ့လူ အတော်များတယ် ။ မိန်းကလေးများသာမက ယောက်ျားလေးများကပါ ရှောင်ကျန့်ကိုစိတ်ဝင်စားကြတယ် ။ အဲ့လောက်လူတွေအများကြီးထဲကမှ ဘာလို့သူလာဖြစ်နေရတာလဲ ။

သူ ဒီနေ့မနက်နိုးနိုးချင်း အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ရှောင်ကျန့်ကို သေချာစိုက်ကြည့်ခဲ့မိတယ် ။ ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သူ့ကိုက်ရာတွေနဲ့ပြည့်နှက်နေပြီး မျက်လုံးတွေပြူးကျယ်သွားစေခဲ့တယ် ။ သူ့ကိုယ်သူ ဘာလို့အဲ့ဒီလိုလုပ်မိသွားတာလဲဆိုတာလည်း နားမလည်နိုင် ။

Still Love You [ Completed ]Where stories live. Discover now