part. 16

39.6K 2.6K 51
                                    

ရီပေါ်က ကုတင်ပေါ်မှာငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့ကိုကို့ကို အကြာကြီး​ငေးကြည့်နေလို့နေတယ် ။ အဲ့ဒီနောက် မျက်နှာလေးကို လက်လေးနဲ့ ဖွဖွ​လေးထိတွေ့လိုက်တယ် ။ ပါးလေးတွေက အိစက်နေတာပဲ ။ ကိုကိုက အရင်ကနဲ့မတူတော့ချေ ။ ပြည့်ပြည့်ဖောင်းဖောင်းလေးရှိခဲ့ဖူးတဲ့ ပါးလေးတွေက အခုဆိုပိန်ကျသွားတယ် ။ ခန္ဓာကိုယ်လေးက ပိုပိန်လာခဲ့ပြီး အသားတွေကလည်း ဖြူဖပ်ဖြူလျော့နဲ့ ။ အရမ်းပင်ပန်းခဲ့တဲ့ပုံပဲ ။

နောက်ဆိုရင် ကျွန်တော့်ကြောင့် ဘယ်တော့မှမနာကျင်စေရတော့ဘူးနော် ။ ကျွန်တော့်ရဲ့အပြစ်တွေအားလုံးကို ကိုကိုကျေနပ်တဲ့အထိ ပြန်ပေးဆပ်မှာမို့ ကျွန်တော့စီကနေထပ်ပြီးတော့ မထွက်သွားပါနဲ့တော့နော် ။ အခုကစပြီး ကိုကိုရယ် ၊ ကျွန်တော်ရယ် ၊ သားလေးရယ် အတူပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်နော် ကိုကို ။

ရှောင်ကျန့်ကနိုးလာတော့ သူကို တင်းကြပ်စွာဖက်ထားတဲ့ ကောင်လေးကိုတွေ့လိုက်ရတယ် ။ အိမ်မက်ဆိုရင်တောင် သူပျော်တယ် ။ ဒီအိမ်မက်ထဲကနေ နိုးထမလာချင်ဘူး ။ တစ်သက်လုံးအိပ်နေလိုက်ချင်တယ် ။

" ကိုကို ''

" ရီ... ရီပေါ် ''

" ကျွန်တော့်ကို ထပ်ပြီးတော့ ထားမသွားပါနဲ့တော့နော် ။ ကိုကိုမရှိရင် ကျွန်တော်မနေနိုင်ဘူး ။ ​တောင်းပန်ပါတယ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ။ ''

ရှောင်ကျန့်က သူ့ကို မျက်ရည်တွေနဲ့တောင်းပန်နေတဲ့ ကောင်လေးကြောင့်လန့်သွားတယ် ။ ​ကောင်လေးက သူကြောင့်ငိုနေတယ် !! ။ ​ကောင်လေးမျက်ရည်ကျတာ သူကြောင့်တဲ့!! ။

" အရင်ကကိစ္စတွေအတွက် ကိုကိုကျေနပ်တဲ့အထိ ကျွန်တော့်ကိုအပြစ်ပေးလို့ရပါတယ် ။ ကျွန်တော်ကိုထပ်ပြီးတော့သာ ပစ်မသွားပါနဲ့တော့ ''

"...........''

ကောင်လေးက သူ့ကို ထားမသွားဖို့ပြောနေတယ် !! ​ကောင်လေးက သူ့ကိုလွမ်းနေတာတဲ့ !! ။ ဒါဆိုရင်ကောင်လေးကလည်း သူကို တစ်ချိန်လုံးသတိရနေခဲ့တာပေါ့ !! ။ သူဆုံးဖြတ်ချက်က မှားသွားခဲ့တာလား? ။ ကောင်လေးက သူ့နဲ့အတူနေချင်တယ်တဲ့ ။

Still Love You [ Completed ]Tempat cerita menjadi hidup. Temukan sekarang