part. 4

31.1K 2.5K 22
                                    

ရှောင်ကျန့်က ရီပေါ်နဲ့လက်ထက်ထားသည်မှာ တစ်နှစ်ပင်ရှိခဲ့ပြီဖြစ်တယ် ။ ရီပေါ်ကတော့ထုံးစံအတိုင်း ရှောင်ကျန့်ကို စကားနာများနဲ့ထိုးနက်ကာအမြဲရယူမြဲ ။ ​ရှောင်ကျန့်အတွက် ဒီလိုအချိန်တွေဆို ငရဲကျနေသလိုပင် ။ ဒါပေမဲ့ရှောင်ကျန့်က ရီပေါ်ကိုမမုန်းရက်ပါ ။ ရီပေါ်ကို အရမ်းချစ်နေမိတာမို့ ။

" နံပါတ်စဉ်ဆယ့်​လေး  ဝင်လာလို့ရပါပြီ ''

" ဟုတ်ကဲ့ ''

ရှောင်ကျန့်က အခုဆေးရုံကိုရောက်နေတယ် ။ သဘာဝကိုလွန်ဆန်ပြီး ယူထားကြတာမို့ ကလေးရဖို့ဆိုတာကမဖြစ်နိုင် ။ ဒါပေမဲ့ဒီခေတ်ကြီးမှာ ဆေးပညာများက ပိုမိုတိုးတက်လာတဲ့အပြင် ယောက်ျားလေးများလည်း ကိုယ်ဝန်ဆောင်လို့ရတာကို ရှောင်ကျန့်ကသိထားတယ် ။ အရမ်းအန္တရာယ်များပေမဲ့လည်း သူလိုချင်တယ် ။ သူချစ်ရတဲ့ကောင်လေး... ရီပေါ်ရဲ့ရင်သွေးလေးကိုပေါ့ ။

ဆရာဝန်ပြောကြားချက်များကို ​ရှောင်ကျန့်က သေချာနားထောင်လို့နေတယ် ။ စိတ်ဖိစီးလို့မရတဲ့အကြောင်းတွေရယ် ၊ အလုပ်တွေအရမ်းမလုပ်ပဲနေဖို့ရယ် ။ ကိစ္စမရှိပါဘူး ဒါတွေကအဆင်ပြေပါတယ် ။

ရှောင်ကျန့်က ​ဆေးရုံကပြန်လာတော့ အရမ်းပျော်ရွှင်နေတယ် ။ ​ကောင်လေးအတွက်.ရင်သွေးလေး ​မွေးပေးနိုင်တော့မယ်မလား ။ ပတ်ဝန်းကျင်က သူ့ကို နှိမ့်ချဆက်ဆံမှာကိုလည်း ဂရုမစိုက်ပါ ။ သူ့မိဘတွေကိုတော့ အေးဆေးကျမှပဲ အသိပေးလိုက်တော့မယ် ။ ကျိုးချန်ကတာ့ သိလို့မဖြစ်ဘူး ။ မဟုတ်ရင်သူ့အတွက် အရမ်းစိုးရိမ်ပူပန်နေရလိမ့်မယ် ။

ရီပေါ်ကတော့ထုံးစံအတိုင်း ဘားသွားလိုက် ၊ မိန်းမရှုပ်လိုက်နဲ့ သူရဲ့အချိန်များကို ဖြုန်းပစ်နေခဲ့တယ် ။ အနားမှာရှိနေတဲ့ မိန်းမတစ်ယောက်ရဲ့နှုတ်ခမ်းကို နမ်းမို့ပြင်လိုက်စဉ် မျက်လုံးထဲဝင်လာတဲ့ သူအောက်တွင်ငိုရှိုက်နေတဲ့ ဟိုလူရဲ့မျက်နှာကို မြင်လိုက်ရတာမို့ တွန်းဖယ်မိသွားတယ် ။ ကျစ် !! သူဘာတွေဖြစ်နေတာလဲ? ။

" ရီပေါ်ဘာဖြစ်လို့လဲ ? မပျော်ဘူးလား ''

" တောက်! ငါ ဟိုလူမျက်နှာကို မြင်ယောင်လာလို့ ''

Still Love You [ Completed ]Where stories live. Discover now