" ရီပေါ် မင်းကလည်း ကလပ်ကိုကဲဖို့လာပါတယ်ဆိုကာမှ ဝိုင်တွေချည်းလိမ့်သောက်နေတာလား? ''
" ကျစ်!! အေဆေးနေစမ်းပါ ဟောက်ရွှမ်းရာ ''
" ဘာလဲ? မင်းအိမ်ကလူကြီးကို လွမ်းနေတာလား? "
" သွားသေလိုက်ပါ့လား ''
ရီပေါ်က စားပွဲပေါ်ကရှိတဲ့ပစ္စည်းနဲ့ ဟောက်ရွမ်းကို ကောက်ပေါက်လိုက်ပြီး လူကြားထဲသွားကနေလိုက်တယ် ။
" ယွီပင်း မင်းရော သူ့ကိုဘယ်လိုထင်လဲ ? ''
" ငါ့အမြင်တော့ ရီပေါ်က ရှောင်ကျန့်ကို သဘောကျနေပြီထင်တာပဲ ''
" ဟုတ်တယ် ။ ဒါပေမဲ့ခက်တာက အဲ့ဒီကောင်က ဘူးခံငြင်းနေတာပဲ ။ ငါတို့လှော်ပေးကြမလား?'
" မင်းအိုင်ဒီယာမဆိုးဘူး ''
ယွီပင်းနဲ့ဟောက်ရွမ်းက နှစ်ယောက်သားခေါင်းချင်းဆိုင်ကာ အပြန်အလည်ဆွေးနွေးနေကြသည် ။
" ယူတစ်ယောက်တည်းလား? အဖော်မရှိရင် တို့နဲ့ကရအောင် ''
ရီပေါ်က ငြင်းမလို့ပြင်လိုက်ပေမဲ့လည်း စွဲဆောင်မှု့ရှိတဲ့ သူမကြောင့်လက်ခံလိုက်ပြီး နှစ်ယောက်သား ပွတ်သပ်ကာကနေကြတယ် ။ ရုတ်တရက် သူမရဲ့လက်က သူ့အင်္ကျီထဲရောက်လာတာမို့ တားလိုက်မိတယ် ။
" ဆောရီး အဲ့ဒီလောက်ထိစိတ်မပါလို့ ''
" အိုကေ ဒါဆိုဖုန်းနံပါတ်ပေးထားခဲ့လေ ။ နောက်တစ်ကြိမ်ဆက်သွယ်လို့ရအောင်ပေါ့ ''
" ဆောရီးပါ ကိုယ်ကလက်ထက်ပြီးသား ''
" အို ! ဒါဆိုလည်း ဘိုင့် ''
ရီပေါ်က ဘာကြောင့်ငြင်းလိုက်မှန်းမသိတော့ ။ သူသိတာက ရှောင်ကျန့်က သူ့ဘဝထဲဖြည်းဖြည်းချင် ဝင်လာနေသလိုပဲ ။ သူအိမ်ပြန်ရောက်တော့ မနက်ငါးနာရီတောင်ရှိနေပြီ ။ ရှောင်ကျန့်က ခုတင်ပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတုန်းပဲ ။
ရီပေါ်က နောက်ကနေဝင်ပြီး လှဲအိပ်လိုက်တယ် ။ ရှောင်ကျန့်ရဲ့ကျောပြင်ကို ဖက်ဖို့လှမ်းလိုက်တဲ့သူ့လက်ကြောင့် မျက်လုံးတွေပြူးကျယ်သွားတယ် ။ မဟုတ်ဘူး!! သူအခြောက်မဟုတ်ဘူး!! ။ သူက မိန်းကလေးတွေကိုပဲသဘောကျတာ ။ ယောက်ျားလေးတွေကို စိတ်မဝင်စားဘူး ။
YOU ARE READING
Still Love You [ Completed ]
FanfictionStart Date - 8 Sep 2019 End Date - 27 Oct 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]