part. 20

33.9K 2.4K 88
                                    

ရီပေါ်က အခုအရေးပေါ်ခန်းရှေ့မှာ ။ သားသားလေးကတော့ တရှုံရှုံနဲ့ငိုနေတယ် ။ သူလည်းငိုချင်တာပေါ့ ။ ဒါပေမဲ့အားတင်းထားရမယ်လေ ။ သားသားလေးရှေ့မှာ လုံးဝမငိုမိအောင်လို့ သူ့ကိုယ်သူတောင့်ခံထားရတယ် ။ ကိုကို့မိဘတွေငလည်း ဘုရားစာတွေရွတ်ပြီ ဆုတောင်းနေကြတယ် ။

ဆေးရုံရောက်ရောက်ချင်း အရေးပေါ်ခန်းထဲ တန်းခေါ်သွားခံရတဲ့ ကိုကို့ကြောင့် သူအသက်တောင်မရှူရဲတော့ ။ ခြေမကိုင်မိ ၊ လက်မကိုင်မိဖြစ်လို့နေတယ် ။ စိုးရိမ်စရာမလိုတော့ဘူးဆိုလာတော့မှ အသက်ရှူချောင်သွားခဲ့တာ ။ ကိုကိုကတော့ အခုအထိသတိလစ်နေတုန်းပဲ ။

ကိုကိုဘာဖြစ်သွားတာလဲ သိချင်တာကြောင့် သားသားကိုမေးကြည့်လိုက်တော့ ပါးပါးက ရုတ်တရက်ကြီး ရင်ဘတ်ကိုကိုင်ပြီး လဲကျသွားတာတဲ့ ။ အရင်ကအတိုင်း ဆေးလေးအပြေးယူပြီး ကိုကို့ကိုတိုက်ခဲ့ပေမဲ့လည်း ဒီတစ်ခါကျတော့ခေါ်လို့မရတော့တာကြောင့် သူ့ကိုဖုန်းလှမ်းဆက်လိုက်ခြင်းပင် ။

ငိုရတာမောသွားတဲ့ သားသားလေးက အခုဆို အဘွားဖြစ်သူရင်ခွင်ထဲမှာ အိပ်ပျော်လို့နေတယ် ။ ကျိုးချန်ကတော့ သူ့ပုခုံးကိုပုတ်လို့ အားပေးစကားပြောနေတယ် ။ အဲ့ဒီအချိန်မှာပဲ ကိုကိုနဲ့ပတ်သတ်ပြီး ပြောစရာရှိတယ်ဆိုတဲ့ ဆရာဝန်ရဲ့စကားကြောင့် အနောက်ကနေလိုက်သွားလိုက်တယ် ။

" ဒီကမောင်ရင်က လူနာနဲ့ဘာပတ်သတ်လဲမသိဘူး?'

" ကျွန်တော်က သူရဲ့ခင်ပွန်းပါ ။ ''

" ဆရာနားလည်ပြီ ။ ''

"..........''

" လူနာက ကလေးမွေးထားတယ်မလား ။ ''

" ဟုတ်ကဲ့ ။ ''

" လူနာကနှလုံးအားနည်းလို့ ​ဆေးတွေခဏခဏသောက်နေရတဲ့ပုံပဲ ။ ''

" အခြေအနေက အရမ်းဆိုးဝါးနေလို့လား ဆရာ ? "

" ယောကျာ်းလေးတစ်ယောက်က ကိုယ်ဝန်ဆောင်တယ်ဆိုတာ သိပ်ကိုအန္တာရာယ်ရှိတယ် ။ ​သေဖို့ရာခိုင်နှုန်းက အရမ်းများတယ် ။ ​နောက်ဆက်တွဲအနေနဲ့ နှလုံးကိုထိခိုက်မိသွားခဲ့တာပဲ ။ ''

Still Love You [ Completed ]Tahanan ng mga kuwento. Tumuklas ngayon