part. 8

29.7K 2.4K 50
                                    

ရီပေါ်က ရှောင်ကျန့်ရဲ့ညည်းသံတွေကြောင့် တစ်ရေးနိုးလာခဲ့တယ် ။ ​ရှောင်ကျန့်ရဲ့တစ်ကိုယ်လုံးက သူ့ကိုက်ရာ​တွေနဲ့ပြည့်နက်နေပြီး ​အောက်ပိုင်းမှာလည်း ​သူ့အရည်တွေနဲ့ပေပွလို့နေတယ် ။ အသား​တွေထိကြည့်လိုက်တော့ မီးခဲလိုပူကျစ်နေတာမို့ အိပ်ချင်စိတ်တွေ ချက်ခြင်းပျောက်သွားတယ် ။ ​ရှောင်ကျန့်က ဖျားနေပြီပဲ ။

ရေချိုးခန်းထဲအမြန်ပြေးသွားလိုက်ပြီး ရေထည့်ထားတဲ့ဇလုံနဲ့ ကိုယ်တိုက်ဝတ်ကိုယူလာကာ ဂရုတစိုက်နဲ့သုတ်ပေးနေမိတယ် ။ ​ရှောင်ကျန့်ကတော့ အဖျားရှိန်ကြောင့် အခုအထိသတိလစ်နေတုန်းပဲ ။ သူအတော်ကြမ်းသွားခဲ့တဲ့ပုံပဲ ။

ဆေးတိုက်တော့လည်း ​ဆေးတွေပြန်ပြန်ထွေးထုတ်နေတဲ့ ​ရှောင်ကျန့်ကြောင့် အကြပ်​တွေ့လာတဲ့အတွက် ဆေးလုံးကို သူ့ပါးစပ်ထဲထည့်ပြီး အတင်းတိုက်ရတဲ့အဆင့်အထိ ​ရောက်သွားခဲ့တယ် ။ အဲ့ဒီနောက် ​နွေးနွေးထွေးထွေးဝတ်ပေးလိုက်ပြီး အဖျားပြန်ကျလာတဲ့အထိ တစ်ညလုံးမအိပ်ပဲ ထိုင်စောင့်နေခဲ့တယ် ။

ရှောင်ကျန်ကနိုးလာတော့ သူ့ခန္ဓာကိုယ်က လန်းဆန်းနေတာကို သတိထားမိတယ် ။ ​ကောင်လေးက သူ့ကို ​ဆေးကြောပေးထားတာပဲ ။ ကုတင်ပေါ်ကဆင်းလိုက်တော့ နာလွန်းတာကြောင့် ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည် ။ သူအောက်ပိုင်းတစ်ခုလုံးက လမ်းလျှောက်လို့မရလောက်အောင်ကို အရမ်းနာကျင်နေတယ် ။ အားငယ်စိတ်တွေဝင်လာတဲ့အတွက် ကလေးလိုကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေမိတယ် ။

ရီပေါ်က ​ရှောင်ကျန့်နိုးလာရင်စားဖို့အတွက် မီးဖိုခန်းထဲဝင်ကာ ဆန်ပြုတ်ပြုတ်ပေးနေမိတယ် ။ ​ဆေးထပ်တိုက်ရအုံးမှာဆိုတော့ ဗိုက်ထဲအစာရှိနေဖို့လိုတယ် ။ ဟူး!! သူဒီတစ်လောအရမ်းထူးဆန်းနေတယ် ။ တစ်ခါမှမလုပ်ဖူးတာတွေလည်းလုပ်လို့ ။ ရှောင်ကျန့်နဲ့ပတ်သတ်လာရင် ဘာကိုမှထိန်းချုပ်လို့မရပဲ အခုလိုတွေဖြစ်ဖြစ်နေတာ အ​တော်ကြာပြီ ။

မနေ့ညကရှောင်ကျန့်ကို သူစိမ်းတစ်ယောက်နဲ့ တွဲမြင်လိုက်ရတာမို့ စိတ်မထိန်းနိုင်ဖြစ်သွားခဲ့တာ ။ ဆန်ပြုတ်ပန်းကန်ကိုယူပြီး အခန်းထဲဝင်လာတော့ ကြမ်းပြင်မှာထိုင်ချပြီး ကလေးတစ်ယောက်လို ငိုနေတဲ့ရှောင်ကျန့်ကို ​တွေ့လိုက်ရတယ် ။

Still Love You [ Completed ]Where stories live. Discover now