မျက်နှာပေါ်လာထိုးတဲ့နေရောင်ကြောင့် ရီပေါ်က နိုးလာခဲ့တယ် ။ လက်မောင်းကအောင့်ပြီးနာနေတာမို့ ဘေးကိုကြည့်လိုက်တော့ သူ့ရင်ခွင်ထဲဝင်ကာ လက်မောင်းပေါ်ခေါင်းအုံးပြီး အိပ်စက်နေတဲ့ရှောင်ကျန့် ။ ထိုလူရဲ့မျက်နှာလေးကို သူငေးကြည့်နေမိတယ် ။
ရှောင်ကျန့်က တစ်ခါတစ်လေကျ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်နဲ့တူပြီး ချစ်ဖို့ကောင်းနေပြန်တယ် ။ ဆံပင်လေးများကို စုပြီးစီးထားတဲ့အချိန်တွေဆိုရင် မိန်းကလေးနဲ့ပင် တူနေသေးတယ် ။ အဲ့ဒါကြောင့်မို့ ရှောင်ကျန့်ရဲ့အနားမှာ လူတွေဝိုင်းဝိုင်းလည်နေခဲ့တာနေမယ် ။
ရှောင်ကျန့်နဲ့သူ လက်ထပ်တဲ့အချိန်တုန်းကဆို မိန်းကလေးတော်တော်များများက အသည်းတွေကွဲပြီး သတ်သေဖို့ပင်ကြိုးစားကြတယ်လို့ သတင်းတောင်ထွက်သေးတယ် ။ တစ်ချို့ယောကျာ်းလေးတွေဆို ရှောင်ကျန့်ကို ကားတင်ပြေးဖို့အဆင့်အထိ ကြိုးစားခဲ့ကြတယ် ။
နေရောင်ကထိုလူရဲ့မျက်နှာအပေါ် ကျရောက်လာတဲ့အချိန်မှာတော့ လက်နဲ့ကာထားပေးမိမလိုပင်ဖြစ်သွားခဲ့တယ် ။ သူ့ကိုယ်သူ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်တော့ချေ ။ ဒါပေမဲ့သေချာသည်က မနေ့ညကအဖြစ်အပျက်မှာ သူအရမ်းကို စိတ်တွေတက်ကြွနေခဲ့တာပဲ ။
" ရီ... ရီပေါ် ? ''
ရှောင်ကျန်က နိုးလာတော့ ပထမဆုံးမြင်ရတာက သူ့ကိုစိုက်ကြည့်နေတဲ့ ကောင်လေးကိုပင် ။ စကားတွေတောင် ထစ်အစွာထွက်လာခဲ့တယ် ။
" နာနေသေးလား ''
အေးစက်စက်အသံနဲ့မေးလာတဲ့ ကောင်လေးရဲ့စကားကြောင့် အယောင်ယောင်အမှားမှားနဲ့ ခေါင်းငြိမ့်မိသွားတယ် ။ ဘာကိုမေးတာပါလိမ့်? ။
" ကျွန်တော် ဆေးသွားဝယ်ခဲ့မယ် ။ အိပ်ယာထဲမှာပဲလှဲနေ ''
ပြောပြီးထသွားတဲ့ကောင်လေးကို ရှောင်ကျန့်က အံ့သြစွာငေးကြည့်နေမိတယ် ။ မနေ့ညကအဖြစ်အပျက်များကလည်း ခေါင်းထဲဝင်လာတာမို့ သူ့မျက်နှာတွေရဲတွတ်သွားမှန်း မှန်မကြည့်ရင်တောင်သိတယ် ။ မနေ့ညက ကောင်လေးက အရင်နေ့တွေနဲ့မတူစွာ သူ့အပေါ် ညှင်သာစွာဆက်ဆံပေးခဲ့တယ်မလား ။ ရှောင်ကျန့်က ပျော်လွန်းလို့ မျက်ရည်တွေတောင်ကျလာတယ် ။

ESTÁS LEYENDO
Still Love You [ Completed ]
FanfictionStart Date - 8 Sep 2019 End Date - 27 Oct 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]