ရီပေါ်က သူ့ကို လာတွေ့တဲ့လူရှိတယ်ဆိုတာကြောင့် မေးကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်နဲ့ ကလေးလေးတစ်ယောက်လို့ ဆိုလာတဲ့အတွင်းရေးမူးစကားကြောင့် ကိုကိုလားဟုတွေးမိသွားတယ် ။ ချက်ခြင်းပဲအဲ့ဒီနေရာကို အပြေးသွားလိုက်တော့ သူထင်ထားတဲ့အတိုင်း ကိုကိုနဲ့သားလေးဖြစ်နေခဲ့တယ် ။
သားလေးရဲ့မျက်နှာလေးက ဆူပုတ်ပုတ်လေးဖြစ်နေပြီး ကိုကိုကတော့ ပြုံးလို့နေတယ် ။ ဟင့်အင်း!! မပြုံးနဲ့ကိုကို ။ အဲ့ဒီအပြုံးတွေက ကျွန်တော့်အတွက်ပဲ ။ မကြိုက်ဘူး!! ကိုကိုရဲ့အပြုံးလှလှလေးတွေကို တစ်ခြားလူတွေမြင်နေမှာကို ။ ကိုကိုက သူတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့လူသားလေး ။ ရီပေါ်က ကိုကိုရဲ့အပြုံးတွေကို တစ်ခြားလူတွေမမြင်စေချင်တာမို့ အနားကိုအပြေးသွားကာ ရင်ခွင်ထဲထည့်ပြီး တင်းကြပ်စွာဖက်ပစ်လိုက်တယ် ။
" ကိုကိုက ဒီကိုဘာလာလုပ်တာလဲ ? ။ အိမ်မှာပဲနေပါလို့ ကျွန်တော်ပြောထားတယ်မဟုတ်ဘူးလား? ။ ဘာလို့လိုက်လာရတာလဲ? "
" ကိုယ်... ကိုယ်က ''
ရှောင်ကျန့်ရဲ့ပြုံးနေတဲ့မျက်နှာလေးက ကောင်လေးရဲ့စကားတွေကိုကြားပြီးနောက် ချက်ခြင်းညှိုးကျသွားတော့တယ် ။ ဝမ်ရှောင်ရီလေးက ပါးပါးဖြစ်သူရဲမျက်နှာလေး ညှိုးကျသွားတာကိုမြင်တော့ မျက်ခုံးလေးတွေတွန့်ချိုးကုန်တော့တယ် ။
" ဘာလို့ ပါးပါးကိုဆူနေတာလဲ ?။ သားက ပါးပါးကိုပူဆာလို့ ပါးပါးကလိုက်ပို့ပေးတာ ။ ပါးပါးကိုဆူနဲ့ ''
ရီပေါ်က သူပြောလိုက်တဲ့စကားတွေကြောင့် စိတ်မကောင်းဖြစ်သွားတဲ့ ကိုကို့ကိုကြည့်ပြီး ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်လာတယ် ။ တကယ်တော့ သူက ကိုကို့ကို ဘယ်သူမှမမြင်စေချင်လို့ပါ ။ သူကလွဲပြီး ကိုကို့ကို တစ်ခြားလူတွေ ကြည့်နေမှာမလိုချင်ဘူး ။
" ကိုကိုရယ် ကျွန်တော်က တစ်ခြားသဘောနဲ့ ပြောလိုက်တာမဟုတ်ပါဘူး ။ စိတ်မကောင်းမဖြစ်ပါနဲ့နော် ။ ''
" ကိုယ့်အပြစ်ပါ ။ ရီပေါ်အလုပ်များနေတာကို ကိုယ်ကမသိပဲ သပ်သပ်လာမိသွားတယ် ။ ကိုယ်တောင်းပန်ပါတယ် ။''
YOU ARE READING
Still Love You [ Completed ]
FanfictionStart Date - 8 Sep 2019 End Date - 27 Oct 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]