Final

59.9K 3.1K 224
                                    

" သားသားရေ မြန်မြန်လုပ် ။ ဖေဖေတို့ ပါးပါးကို သွားနှုတ်ဆက်ရအောင် ။ ''

" ဟုတ်ကဲ့ ဖေဖေ ''

သားလေးက အခုဆိုရင် အသက်ရှစ်နှစ်တောင်ရှိခဲ့ပြီ ။ ဒါပေမဲ့ကိုကိုကတော့ သူတို့အနားမှာရှိမနေသေးဘူး ။ သားလေး စိတ်ဒဏ်ရာရသွားမှာကြောက်လို့ သူက သား​လေးစိတ်တိုင်းကျ အရာရာဖြည့်ဆည်းပေးခဲ့တယ် ။ သားလေးက သူ့လိုပဲစကားနည်းပြီး ​အေးစက်စက်လေးဖြစ်လာတယ် ။ သူ့ကို ရင်ဖွင့်မပြပေမဲ့လည်း သားလေး ခံစားနေရတာတွေကို သူနားလည်တယ် ။

ကိုကိုက သူ့ရဲ့ကတိအတိုင်း သားလေးနဲ့သူ့ကို ထားမသွားခဲ့ပေမဲ့ မျက်လုံးတွေကတော့ ပွင့်လာခြင်းမရှိပေ ။ အဲ့ဒီအချိန်တုန်းက ခွဲစိတ်ခန်းထဲမှာ အသက်ရှူရပ်တန့်သွားတဲ့ ကိုကိုက ခဏကြာတော့ နှလုံးပြန်ခုန်လာခဲ့တယ် ။ ကိုကိုက သူနဲ့သားလေးကို ထားမသွားခဲ့ဘူး ။

ဒါ​ပေမဲ့နောက်ဆက်တွဲအနေနဲ့ ကိုကိုက ကိုမာဝင်သွားခဲ့တယ် ။ ဒီအခြေအနေက ထားသွားတာထက်စာရင် အများကြီးအဆင်ပြေတာမို့ သူတို့သားအဖနှစ်ယောက် ဆက်ပြီးအားတင်းထားခဲ့တယ် ။ တစ်နေ့တော့ ကိုကိုက ပြန်လာမှာပဲမဟုတ်လား? ။

ရီပေါ်က သားလေးကို သူ့ပါးပါးဖြစ်သူနဲ့ ထားခဲ့လိုက်ပြီး ကုမ္မဏီကိုသွားလိုက်တယ် ။ ကိုကိုက စည်းကမ်မရှိတာမကြိုက်ဘူး ။ ကိုကိုစကားကို သူနားထောင်ရမယ် ။ ဒါမှကိုကိုနိုးလာရင် ရီပေါ်က အရမ်းတော်တာပဲဆိုပြီး သူ့ကိုချီးကျူးမှာ ။ သ

ဒီကြားထဲသူ့အနားကို အတင်းကပ်လာတဲ့ မိန်းကလေးတစ်ချို့လည်းရှိတယ် ။ အင်းပေါ့လေ ဒီလောက်ချစ်တက်ပြီး အရာရာပြည့်စုံနေတဲ့ သူ့လိုလူကို ဘယ်မိန်းကလေးက မလိုချင်ပဲနေပါ့မလဲ ။ အားလုံးရဲ့အမြင်မှာတော့ သူက ချစ်တက်လွန်းသူုကြီးပေါ့ ။ အဲ့ဒီအချိန်တွေဆို ဟားတိုက်ပြီးရယ်မောရလွန်းလို့လည်း အရူးလို့အထင်ခံရပေါင်းမနည်းတော့ ။

သူတို့မှမသိပဲ !! အတိတ်မှာ သူဘယ်လောင်အထိ ဆိုးဝါးခဲ့လဲဆိုတာကို ။ သူဘယ်လောင်အထိ စိတ်ပျက်စရာကောင်းခဲ့လဲဆိုတာကို ။ သူရဲ့လူမဆန်မှု့တွေကိုလည်း မမြင်ဖူးဘူး ။ သူတို့တွေက သူ့ရဲ့အတိတ်တွေကို သိမှမသိခဲ့ပဲ ။ သိခဲ့ရင် သူ့ကိုလိုချင်တော့မှာမဟုတ်ဘူး

Still Love You [ Completed ]Tempat cerita menjadi hidup. Temukan sekarang