part. 15

37.3K 2.7K 90
                                    

လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကပေါ့ ။ ရှောင်ကျန့်ရဲ့ကားက မိုးကြိုးထိမှန်သွားပြီး ချောက်ထဲပြုတ်ကျခဲ့တယ် ။ သတိသိပ်မကပ်တဲ့ရှောင်ကျန့်က သူ့စီကိုအပြေးလာနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ် ။ အဲ့ဒီလူကတော့လီရှန်ပဲ ။ လီရှန်က သူ့ကို စိုးရိမ်တကြီးအော်ခေါ်နေခဲ့ပြီး ပွေ့ချီသွားတာကို သူသတိမလစ်ခင်သိလိုက်ရတယ် ။

လီရှန်က ​ရှောင်ကျန့်ရဲ့ကားက မိုးကြိုးထိပြီး ချောက်ထဲပြုတ်ကျသွားတာကိုမြင်တော့ သူကားကို မိုးကြိုးစက်ကွင်းနဲ့လွှတ်အောင် အဝေးတစ်နေရာမှာရပ်ထားလိုက်ပြီး သတိလစ်နေတဲ့ရှောင်ကျန့်ကို ကယ်ထုတ်လာခဲ့တယ် ။ သွေးထွက်လွန်နေတဲ့ ​ရှောင်ကျန့်ကို စိတ်ပူတာမို့ ဆးရုံကိုဖုန်းဆက်ဖို့ ပြင်လိုက်ပေမဲ့လည်း ဖုန်းကပျောက်သွားတာမို့ ပြန်လိုက်ရှာရတော့တယ် ။

သူထင်ထားခဲ့တဲ့အတိုင်းပဲ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ဖုန်းက ရှောင်ကျန့်ကိုပွေ့ချီလာတဲ့လမ်းမှာ ကျကျန်နေခဲ့တယ် ။ ဖုန်းကို အမြန်သွားကောက်လိုက်ပြီး ​ဆေးရုံကိုဆက်သွယ်ဖို့ပြင်နေတုန်း ထပ်မံပစ်လိုက်တဲ့မိုးကြိုးတစ်ချက် ။ သူ့ရဲ့ကားအနားကို လူတစ်ယောက်ရောက်လာပြီး ​မောင်းထွက်သွားတာကို ​နောက်ဆုံးအနေနဲ့မြင်လိုက်ရတယ် ။

ရှောင်ကျန့်က သတိပြန်ရလာတဲ့အချိန် ဆေးရုံမှာမေ့နေတာ တစ်ပတ်တောင်ကြာနေပြီဖြစ်တယ် ။ ​သွေးတွေနဲ့သတိလစ်နေတဲ့သူ့ကို လူတစ်ယောက်ကမြင်တော့ စိုးရိမ်ပြီးဆေးရုံခေါ်လာပေးခဲ့တာ ။ ​ကျေးဇူးတင်စကားပြောပြီး ထွက်သွားဖို့ပြင်လိုက်တော့ အဲ့ဒီလူက သူ့မှာကိုယ်ဝန်ကြီးနဲ့ဆိုတာကို ပြောပြလာတယ် ။

ရှောင်ကျန့်က အံ့သြလွန်းလို့မျက်လုံးတွေပြူးကျယ်ကုန်တယ် ။ သူဗိုက်ထဲမှာ ကလေးလေးရှိနေပြီတဲ့လား ? ။ ရီပေါ်ရဲ့ကလေးလေး !! သူသိပ်ချစ်ရတဲ့ ​ကောင်လေးရဲ့ရင်သွေးလေးလေ ။ ရှောင်ကျန့်က သူ့ဗိုက်လေးကိုကိုင်ကာ ​တွေးနေမိတယ် ။ ​ကောင်လေးက သူ့ကိုရွံနေတဲ့အတွက် သူမှာကလေးရှိတယ်ဆိုတာသိသွားရင် ဘယ်လိုလုပ်မလဲ? ။ ဖျက်ချခိုင်းမှာလား ? ။

Still Love You [ Completed ]Where stories live. Discover now