မင်္ဂလာဦးညက အခြားလူများအတွက် ပျော်ရွှင်ဖွယ်ရာ ညကလေးဖြစ်ပေမဲ့ ရှောင်ကျန့်အတွက်ကတော့ မျက်ရည်များနဲ့အိပ်စက်ခဲ့ရတဲ့ညပင် ။ ခင်များလိုလူနဲ့ တစ်အိမ်တည်းနေရမှာရွံတယ်ဆိုပြီး သူငယ်ချင်းများနဲ့ထွက်သွားတဲ့ ကောင်လေးကိုတော့ သူအပြစ်မမြင်ရက်ပါ ။
ကောင်လေးအပေါ် အရင်ယုတ်မာခဲ့တဲ့လူက သူပဲလေ ။ အဲ့ဒါကြောင့်ကောင်လေးဘာလုပ်လုပ် သူခွင့်လွှတ်တယ် ။ ညသန်းခေါင်အထိ ပြန်မလာသေးတဲ့ ကောင်လေးကို စိတ်ပူလွန်းတဲ့အတွက် မအိပ်ပဲထိုင်စောင့်နေလိုက်တယ် ။ နွမ်းဖက်နေတဲ့ ခပ်ရေးရေးအပြုံးလေးကို ပြုံးပြီးတော့ပေါ့ ။
" ရီပေါ် မင်းကလည်းကွာ မင်္ဂလာဦးညမှာမှ အရက်လာသောက်နေရတယ်လို့ ''
" ယွီပင်း မင်း ငါ့ခံစားချက်ကို နားမလည်ပါဘူးကွာ ''
ရီပေါ်က အရက်တွေမူးအောင်လို့ တစ်ဘူးပြီးတစ်ဘူး မော့သောက်နေလို့တယ် ။
" မင်းအခုလက်ထက်ထားတဲ့လူက လူတိုင်းလိုချင်နေတဲ့လူနော် ။ ဂုဏ်တောင်ယူသင့်သေးတယ် ''
" ဟက်!! သူ့ကိုလိုချင်နေတဲ့လူတွေ ဒီလောက်များတာတောင် ဘာလို့ ငါ့ကိုရွေးရတာလဲ ? သူ့ကို ခါးခါးသီးသီးငြင်းဆန်နေတဲ့ ငါ့ကိုမှလေ ''
" အချိန်တန်ရင်တော့ မင်းလည်း သူ့ကိုချစ်သွားမှာပါ ''
" မချစ်ဘူး!! ငါလုံးဝသူ့ကိုမချစ်ဘူး ။ သူ ငါ့ကို အတင်းလက်ထပ်ခဲ့တဲ့အတွက် သူ့ဘဝမှာနာကျင်မှုတွေပဲရှိလာစေရမယ် ''
ယွီပင်းက ခေါင်းမာလွန်းတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး သက်ပြင်းချလိုက်တယ် ။ ရှောင်ကျန့်က သူတို့သူငယ်ချင်းကို ဘယ်လောက်ချစ်လဲဆိုတာ သူတို့သိတယ် ။ အမြဲတမ်းမြတ်မြတ်နိုးနိုးကြည့်နေတဲ့ မျက်ဝန်းတွေက စကားပြောနေတယ်မလား ။ ရီပေါ်ကတော့ ရှောင်ကျန့်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အမုန်းတွေသာရှိနေခဲ့တယ် ။
' ရီပေါ်ရယ် မင်း ရှောင်ကျန့်ရဲ့အချစ်ကို မြင်အောင်ကြည့်နိုင်ခဲ့ရင်ကောင်းတယ် ။ အချိန်တွေလွန်သွားရင် အရာအားလုံးက ဘာမှပြင်လို့မရပဲ နောင်တတွေပွေ့ပိုက်ပြီး ကျန်နေခဲ့ရလိမ့်မယ် ' ။ ဒီအတိုင်းလေးပဲတွေးမိလိုက်တဲ့ သူ့အတွေးတွေက အနာဂတ်မှာတကယ်ဖြစ်လာခဲ့မယ်လို့ ယွီပင်းလုံးဝမထင်ခဲ့ပေ ။
![](https://img.wattpad.com/cover/198913391-288-k130317.jpg)
YOU ARE READING
Still Love You [ Completed ]
FanfictionStart Date - 8 Sep 2019 End Date - 27 Oct 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]