part. 13

33.4K 2.5K 77
                                    

ရှောင်ကျန့်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲတွင် ဘယ်သူမှမရှိတော့သည့်တိုင် ရီပေါ်ကတစ်ယောက်တည်း ဆက်အဖော်ပြုပေးနေတယ် ။ ဒီဝမ်းနည်းစရာအရာအားလုံးက အိမ်မက်တွေဖြစ်သွားရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ? ။ အိမ်မက်ဆိုးတစ်ခုဖြစ်နေဖို့ သူအမြဲဆုတောင်းနေမိတယ် ။

တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကိုကိုရယ် ။ ဒီထက်ပိုပြီး ဘာမှမပြောနိုင်တော့တာမို့ ကျွန်တော်တောင်းပန်ပါတယ် ။ အားလုံးက ကျွန်တော်အပြစ်တွေပါ ။ ကိုကို့ကို အမြဲနာကျင်အောင်လုပ်မိလို့ မိုးနတ်မင်းကြီးက ကျွန်​တော့်ကို အပြစ်ပေးလိုက်တာနေမယ် ။ ကိုကို ကျွန်တော့်ကိုကြည့်နေရဲ့လားဟင် ? ။ ဒီကောင်ကအခုဆိုရင် သူ့မိုက်ပြစ်တွေတွက်ပြန်ခံစားနေပြီ ကိုကိုရဲ့ ။

ရီပေါ်က အိမ်ကိုပြန်ရောက်တော့ တွေ့လိုက်ရတဲ့လူတွေကြောင့် အံသြမှု့တွေဖြစ်ပေါ်လာတယ် ။ ကိုကိုရဲ့မိဘတွေမဟုတ်လား ? ဘာလို့ဒီကိုရောက်နေတာလဲ ? ။

" ဝမ်ရီပေါ် ငါဒီကိုရောက်လာတာက ရှောင်ကျန့်နဲ့ပတ်သတ်ပြီး မင်းကိုပြောစရာရှိလို့ပဲ ။ ​ရှောင်ကျန့်မိဘတွေလည်း အခု​ရောက်လာကြပြီဆိုတော့ ရှောင်ကျန့်ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့ ''

ရီပေါ်က ကျိုးချန်ကို ဘာတွေလာပြောနေတာလဲဆိုတဲ့ အကြည့်နဲ့ကြည့်ပေးလိုက်တယ် ။ ကိုကိုရဲ့နောက်ဆုံးဆန္ဒ ? ။

" ဒီမှာကွာရှင်းစာချုပ် ။ ရှောင်ကျန့်က သူမသေခင် မင်းအတွက် လက်မှတ်ထိုးပေးထားခဲ့တယ် ''

"..........''

" သူက မင်းခံစားနေရတာတွေကို မကြည့်ရက်တော့လို့ စာချုပ်မှာလက်မှတ်ထိုးပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ သူက မင်းကို ကိုယ်တိုင်ပေးတော့မလို့ပဲ ။ ဒါပေမဲ့အခုတော့ အဆင်ပြေသွားတာပေါ့ ။ သူဝမ်းနည်းမနေရတော့ဘူးလေ ''

"..........''

" ဒီစာရွက်စာတမ်းတွေဖတ်ကြည့်လိုက် ။ ​ရှောင်ကျန့်က သူရဲ့ရပိုင်ခွင့်တွေ ၊ လုပ်ငန်းတွေအားလုံးကို မင်းနာမည်နဲ့အကုန်လွှဲပေးခဲ့တယ် ။ ​ရှောင်ကျန့်မိဘတွေကလည်း အဲ့တာကိုသဘောတူကြောင်း လက်မှတ်လာထိုးကြတာ ''

Still Love You [ Completed ]Où les histoires vivent. Découvrez maintenant