ကျိုးချန်က အဲ့ဒီဆရာဝန်ပြောတာတွေနားထောင်ပြီးနောက် သူကိုယ်သူရူးတော့မယ်လို့တောင် ခံစားနေရတယ် ။ ရှောင်ကျန့်က ကိုယ်ဝန်ရှိနေခဲ့တယ်လို့ပြောချင်တာလား ? ။ ဒါပေမဲ့သူတို့တွေ့ခဲ့တဲ့အလောင်းမှာ ဘာထူးခြားချက်မှရှိမနေဘူးလေ ။ အဲ့ဒီအလောင်းက ရှောင်ကျန့်မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ်လား ? ။ ဒါဆိုရင်ရှောင်ကျန့်က ပျောက်နေခဲ့တာပေါ့ ။
လွန်ခဲ့တဲ့ခြောက်နှစ်ကအကြောင်းတွေကို တစ်ခုချင်းအသေးစိတ်ကအစ သေချာပြန်စစ်ဆေးလိုက်တယ် ။ ရလာတဲ့အချက်လက်တွေရဲ့ စီစီတီဗီမှတ်တမ်းအရဆိုရင် ရှောင်ကျန့်က မတော်တစမှုမဖြစ်ခင်ကြားထဲမှာ လီရှန်ဆိုတဲ့လူနဲ့တွေ့ခဲ့သေးတာပဲ ။ လီရှန်က ရှောင်ကျန့်ရဲ့လက်တွေကိုအတင်းဆွဲပြီး စကားအခြေအတင်ဖြစ်နေခဲ့တယ် ။
အဲ့ဒီနောက်မှာတော့ ပြန်အဆင်ပြေသွားပုံရပြီး ရှောင်ကျန့်ကထွက်သွားခဲ့တယ် ။ လီရှန်က မြေပြင်ပေါ်ကျနေတဲ့ပစ္စည်းတစ်ခုကိုကောက်ပြီး ရှောင်ကျန့်ရဲ့အနောက်ကိုလိုက်သွားတယ် ။ စီစီတီဗီမှတ်တမ်းက အဲ့ဒီနေရာမှာပဲပြီးသွားတော့တယ် ။ အနောက်ကိုပြန်ရစ်ပြီးကြည့်လိုက်တော့ လီရှန်ကုန်းကောက်နေတဲ့ပစ္စည်းက လက်စွပ်လေးတစ်ကွင်း !! ။
သေချာသွားအောင်လို့ အကျယ်ချဲ့ကြည့်ပြီး ထပ်ကြည့်မိတယ် ။ အဲ့ဒီလက်စွပ်လေးက ရှောင်ကျန့်ရဲ့လက်ကနေကျွတ်ထွက်သွားတဲ့ ရှောင်ကျန့်ရဲ့လက်စွပ်လေး! ! ။ စကားအခြေအတင်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ကြားမှာ ပြုတ်ကျသွားခဲ့တဲ့ပုံပဲ ။ ဒါ... ဒါဆိုရင် ရှောင်ကျန့်က... ။
ကျိုးချန်က နောက်ဆုံးတော့ အားလုံးနားလည်သွားခဲ့တယ် ။ သူတို့တွေ့ခဲ့တဲ့အလောင်းက လီရှန်ရဲ့အလောင်းဖြစ်နေခဲ့တာကို ။ ဒါဆိုရှောင်ကျန့်က အသက်ရှင်နေရဲ့သားနဲ ဘာလို့ပြန်မလာရတာလဲ? ။ သူချစ်ရတဲ့ သူ့သူငယ်ချင်းလေးက အခုအထိအသက်ရှင်နေတုန်းပဲ ။ ပျော်လွန်းလို့မျက်ရည်တွေစီးကျလာတယ် ။
ရီပေါ်က အလုပ်ကိစ္စနဲ့ နယ်ဘက်ကိုရောက်နေခဲ့တယ် ။ ဖုန်းလိုင်းတွေမမိတဲ့အတွက် သူ့ကိုအသည်းအသန်ဖုန်းတွေခေါ်နေတဲ့ လူရှိတယ်ဆိုတာလည်းမသိ ။ ရီပေါ်က သူ့လည်ပင်းကဆွဲကြိုးမှာ ချိတ်ဆွဲထားတဲ့လက်စွပ်လေးကို တစ်ချက်နမ်းလိုက်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တယ် ။ သူ့ရဲ့လက်သူကြွယ်လေးမှာတော့ ပုံစံတူလက်စွပ်နောက်တစ်ကွင်းရှိနေခဲ့တယ် ။
YOU ARE READING
Still Love You [ Completed ]
FanfictionStart Date - 8 Sep 2019 End Date - 27 Oct 2019 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]