အပိုင်း_၉

17.4K 1.3K 72
                                    

Zawgyi...

" ချစ်ရသော ကိုကို " ( အပိုင်း_၉ )

"ကျိုးချန်..."

ကျိုးချန်ကိုလှမ်းခေါ်တဲ့ ထယ်ဟီး ။ အနည်းငယ်ပင်ပန်း
နေပုံပေါက်နေပေမယ့် သူမလှနေပါသေးသည် ။ ကျိုးချန်
ပုံကတော့ အလွန်ပင်စုတ်ချာနေ၏ ။ အဖြူရောင်ရှပ်ကို
ဝတ်ထားတဲ့ကျိုးချန်၏ ကျစ်လစ်တဲ့ခန္ဓာကိုယ်ပေါ်ဝယ်
ရိပေါ်ဆီမှကျဆင်းနေသော သွေးများကကူးသန်းလို့ရယ် ။

ရူးသွပ်ဟန် စိတ်ခြောက်ခြားဖွယ်အနေအထားဟုသတ်မှတ်
နိုင်လောက်အောင်ဖြစ်နေသည့် ဝမ်ကျိုးချန်ပုံပင် ။ ထယ်ဟီး
ထံအကြည့်စူးစူးဖြင့်သာလှည့်ကြည့်လိုက်၏ ။ အခုချိန်ထယ်
ဟီးနှင့်ရှောင်းကျန့်မျက်နှာကိုကျိုးချန်မမြင်ချင် ။ သူတို့နှစ်ဦးကို
စိတ်ထဲတေးမှတ်လိုက်တိုင်း ရိပေါ်၏အကူညီကင်းမဲ့နေတဲ့
ပုံစံလေးကိုသာ မြင်ယောင်မိသည် ။

ရိပေါ်ဘယ်လောက်များကြောက်နေရှာမလဲ ။
ပွေ့ချီထားတဲ့ရိပေါ်ကိုငုံ့ကြည့်ရင်း ကျိုးချန်သနားမိသည် ။
ကျိုးချန် ထယ်ဟီးနဲ့ပတ်သတ်၍ခံစားလာရသမျှသည်
ဝမ်ရိပေါ်အပြုံးလေးနှင့်ပြေပျောက်၏ ။ ရိပေါ်နှင့်အတူ
ရှိသည်က ကျိုးချန်ကိုပိုပျော်ရွှင်စေသည်ဟု ပြော၍ရသည် ။

ကျိုးချန်လူကြားထဲမှတိုးဝှေ့ကာထွက်လာရင်း ဆရာတွေ
ဆီကိုသွားနေ၏ ။

"ရိပေါ်ကို​ဆေးရုံအမြန်​ပို့​ပေးပါ ပို့ပေးပါ"

"ဆရာတို့​ဆေးရုံအမြန်​သွားရ​အောင်​"

ကျိုးချန်ရောက်လာတော့ ဆရာတို့လည်းပျာပျာသလဲဖြစ်
ကုန်သည် ။ ကားကိုအသင့်ပြင်ကာ ဆရာနှစ်ယောက်နှင့်
အတူ ကျိုးချန်ဆေးရုံကိုလိုက်သွားခဲ့သည် ။

"​မောင်​"

အချိန်​အားဖြင့်​ည၇နာရီရှိ​နေ၏ ။ မောင့်​ကိုထယ်ဟီး
စောင့်​​နေရင်း မီး​အိမ်လေးမှိန်​ပြပြနဲ့လွယ်​အိတ်​​လေး
တစ်​လုံးကိုကိုင်​လာသော ​မောင်​သည်ခေါင်းငိုက်စိုက်
ကာ လမ်းလျှောက်လာ၏ ။ မောင့်၏ပုံပျက်နေဟန်ကို
ထယ်ဟီးတို့ချစ်သူသက်တမ်းတစ်လျှောက်တစ်ခါမှ
မမြင်ဖူးပေ ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Onde histórias criam vida. Descubra agora