( Unicode... )" ချစ်ရသော ကိုကို " ( အချပ်ပို_၁ )
"ဒါပေမယ့်...နေ့ရယ်ညရယ်အတွက်
ဆက်သွယ်မှုလေးတစ်ခုတော့ရှိခဲ့တယ်...အဲ့တာ သူ့နှစ်ယောက်အတွက်မိုးသောက်ချိန်
ဆိုတဲ့အချိန်လေးတစ်ခုရယ်ပေါ့ ခဏတာလေးဖြစ်နေပေမယ့် သူတို့ကျေနပ်ခဲ့ကြတယ် သူတို့အချစ်တွေရှင်သန်နေဦးမှာမို့ ဒီအချိန်ခဏလေးလည်းသူတို့တန်ဖို့ထားခဲ့ကြတယ်တဲ့ကွယ်""ပုံပြင်လေးကတော့ ဒါပါပဲ...အိုး ဒယ်ဒီ့
ပုစိလေးကအိပ်ပျော်သွားပြီကို..."သားရဲ့ပါးဖောင်းဖောင်းလေးထက်အနမ်းဖွဖွ
လေးပေးရင်း သားနှင့်အတူသူပါဝင်အိပ်လိုက်
တော့သည် ။ သားနဲ့အတူ နေ့စဥ်ပုံမှန်ဖြတ်သန်း
ရင်းလစ်ဟာနေတဲ့သူရဲ့ေန့တွေအတွက်တော့ အတိတ်ဆိုးတစ်ခုလိုရှင်သန်နေခဲ့တယ် ။"ကျန့်ကျန့်...ရီရှင်းလေး"
ဟိုင့်ခွမ်းသည်သူအလုပ်အားလပ်ရက်ရောက်
လာသည်နှင့်အမျှသားဆီကိုသူလာတတ်သည် ။
သားရဲ့ကျန်းမားရေးကိုအမြဲလာစစ်ပေးရင်း
ဆေးလိပ်တွေအလွန်အကျွံသောက်နေတဲ့သူ့
ကိုအမြဲကျန်းမာရေးဂရုစိုက်ဖို့သတိပေးသည် ။"ဝါး...ဦးဦး မင်းသားလေးကဝတ်ကောင်း
စားလှတွေနဲ့ဘယ်ကိုသွားမလို့တုန်း..."ဟိုင့်ခွမ်းက သားကိုမေးပေမယ့်သားက
ဂျစ်ကန်ကန်မျက်နှာအမူအရာနှင့်ပြန်မဖြေ ။ဟိုင့်ခွမ်းက သဘောကျကာ ရယ်မောတော့
သားကိုအင်ကျီဝတ်ပေးနေတဲ့ရှောင်းကျန့်
ကတော့ ပြုံးသည် ။"အဟေးဟေး...မင်းရဲ့သားကတော့
သူ့ပါးပါးနဲ့တစ်ပုံစံတည်းပဲဟေ့!!""ဟင် ပါးပါး..."
သားရှေ့တွင်စကားကိုမဆင်မခြင်ပြောဆို
တဲ့ဟိုင့်ခွမ်းကိုလက်သီးနှင့်တကယ်ထိုးချင်
သည် ။ ရှောင်းကျန့်မျက်မှောင်ကြုတ်ကာ
ကြည့်တော့ ဟိုင့်ခွမ်းမှာ မိမိစကားတွေသည်
အနည်းငယ်မှားယွင်းသွားတဲ့အတွက် သွား
ဖြဲပြလေသည် ။မျက်ဝန်းလေးပြူးကာ တစ်စုံတစ်ရာကို
စူးစမ်းချင်နေတဲ့သား ။
KAMU SEDANG MEMBACA
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
Fiksi PenggemarZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...