Unicode...
" ချစ်ရသော ကိုကို " ( အပိုင်း_၂၄ )
"ကိုကို..."
"အင်း ကလေးလေး"
ဘေးဖက်ဝိုင်းရှိယောက်ျားလေးနှစ်ဉီးတွင် အငယ်
ကောင်လေးသည် သူ့ထက်အသက်အနည်းငယ်
ကြီးပုံရသည် ထိုလူ့ပေါင်ပေါ်တွင်တက်ထိုင်ကာ
' ကိုကို ' ဟု ချွဲနွှဲ့ကာခေါ်သည် ။လက်တွေသည်ရင်ဘတ်နေရာပေါ်တွင်ကလူကာ
ကြည်စားနေသေးသည် ။ ရိပေါ်သုံးခွက်မြောက်
သော ဘီယာကိုသောက်ရင်း ထိုစုံတွဲကိုရီဝေစွာဖြင့်
ကြည့်နေသေးပေမယ့် လူကလည်နေသည် ။"ဝါးဟားဟား...တွေ့လား တွေ့လား
ဝမ်ကျိုးချန် သူတို့ကိုတွေ့လား ကိုကို ကိုကိုနဲ့တဲ့"ရိပေါ်သည်အားရပါးရအော်ရယ်ကာ ထိုအတွဲလေး
ကိုလည်း လက်ညှိုးတထိုးထိုးပြောနေသည် ။"ကိုကို...အဟက် ကိုကိုတွေဆိုတာကလေ
သူတို့လိုချင်တာရပြီးရင်ပစ်ချဆောင့်ကန်သွား
တဲ့လူချည်းပဲ အဟားဟား ရယ်ရတာကွာ"ရယ်မောကာ မျက်ရည်တွေ ကျနေသောသူငယ်ချင်း
လေးကိုကြည့်ရင်း ကျိုးချန်ရင်မောနေ၏ ။ ကျိုးချန်
ဘီယာကိုမော့သောက်နေစဉ် မိမိရှေ့တွင်ထိုင်နေ
သောဝမ်ရိပေါ်ကိုမတွေ့တော့ပေ ။"ဟေ့ ဝမ်ရိပေါ်"
ကျိုးချန်လှမ်းအော်ခေါ်နေပေမယ့် ဝမ်ရိပေါ်ခြေထောက်
တွေကမြန်သည် ။ ပို၍မြန်သည်ကရိပေါ်လက်တွေပင်
ဖြစ်သည် ။"သွားစမ်း ကိုကိုဆိုတဲ့လူယုတ်မာကောင်"
ရိပေါ်သည် ကိုကို ဟုဆိုသော ထိုလူ့မျက်နှာအား
လက်သီးဖြင့်သုံးချက်လောက်ထိုးနှင့်နေပြီ ။ ဘလိုင်း
ကြီးအထိုးခံရသော ထိုလူ့မှာရိပေါ်လည်ပင်းရှိ
အ င်္ကျီကိုဆွဲယူကာ လက်သီးဖြင့်ရွယ်စဉ် ကျိုးချန်
ရောက်လာ၏ ။"အာ...ဒီကအစ်ကိုကြီးစိတ်လျော့ပါ"
ကျိုးချန်သည်ဝမ်ရိပေါ်အား မိမိနောက်ကျောဘက်
ကိုပို့ကာ ရိပေါ်ထိုးလိုက်သော လူကြီးအားခယစွာ
တောင်းပန်နေပါ၏ ။"ဘာလဲ ကိုကို သူကကိုကို့အဆက်ဟောင်းထဲက
တစ်ယောက်လား""ဘာ ဘာ အဆက်ဟောင်းလဲ ခွီ...အု"

ESTÁS LEYENDO
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanficZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...