အပိုင်း_၂၀

15.2K 1K 120
                                    


Zawgyi...

" ချစ်ရသော ကိုကို " ( အပိုင်း_၂၀ )

ဒီနေ့ရိပေါ်တို့လက်ထပ်ပွဲပြီးတာ ဆယ့်ငါးရက်မြောက်တဲ့
နေ့ ။ အခုတလောမှာတော့အမြဲတမ်းအိမ်ပြန်နောက်ကျ
တတ်သော ကိုကို့ကိုစောင့်နေရတတ်သည် ။

လက်ထပ်ပြီးကာစ အိမ်ခွဲနေကြတော့ အိမ်ထဲမှာကျန်နေ
ခဲ့တတ်တဲ့ရိပေါ်တစ်ယောက် အကြောက်ပိုမိသည် ။

ရိပေါ်တရီရီမြည်လာသော ဖုန်းလေးကြောင့်ကိုင်လိုက်မိ၏ ။
ဖုန်းထဲတွင်တစ်စုံတစ်ယောက်တွေ့ရန်အကြောင်းပြုလာခဲ့
သည်လေ ။

"ကွာရှင်းလိုက် မောင်ကပြောတယ်
မင်းနဲ့အတူနေရတာသူမပျော်ရွှင်ဘူးတဲ့
မောင့်ကိုလွတ်လပ်ခွင့်ပေးလိုက်ပါ"

လူအနည်းငယ်ရှင်းကာ တိတ်ဆိတ်လျက်ရှိနေသော
ကော်ဖီဆိုင်လေးအတွင်း ရိပေါ်နှင့်ထယ်ဟီးတို့နှစ်ဦးသား
တွေ့ဆုံကြသည် ။

"ပြီးတော့ မောင်ကပြောတယ် အထဲက
ကလေးလေးအတွက်အဖေအဖြစ်ရပ်တည်ပေးမယ်တဲ့"

ထိုကား သူမအား ရှောင်းကျန့်လက်ထပ်မည်ဟူသည့်သဘော
ဖြစ်သည် ။ ရိပေါ်စိတ်ဆိုးကာ ထိုင်နေရင်းမှမတ်တပ်ထရပ်လေ
သည် ။

"တော်သင့်ပြီ ခင်ဗျားရပ်တန်းကမရပ်သေးဘူးလား"

ရိပေါ်ဒေါသထွက်ကာ လက်ညှိုးထိုးလျက်အော်လေ၏ ။

"ခင်ဗျား ကိုကို့ကိုမပိုင်ဆိုင်စေရဘူး
ကိုကိုလက်ထပ်ထားတဲ့သူကကျွန်တော်ဗျ
ခင်ဗျားမဟုတ်ဘူး ကိုကိုချစ်တဲ့သူကလည်းကျွန်တော်ပဲ
ဒီ့ထက်ပိုပြီးခင်ဗျားဘာမျှော်လင့်နေတာလဲ ခင်ဗျားမရှက်
တတ်ဘူးလား သူများယောက်ျားကိုကြောင်တောင်နှိုက်တဲ့
မိန်းမ ရွံစရာကောင်းတယ်"

"ငါကရွံစရာကောင်းတယ်တဲ့လား အဟင်း"

သူမက ရိပေါ်ရှေ့မျက်နှာပြောင်တိုက်ကာ ရယ်မော
သည်လေ ။

"မင်းရော ကိုယ်ဝန်ဆောင်မယ်ကြားတယ်
ဒါနဲ့အဆင်ပြေတယ်တဲ့လား ယောက်ျားတစ်ယောက်က
ကလေးမွေးမယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ ရှောင်းကျန့်ကို
တို့လို့ကလေးနဲ့ချည်နှောင်ချင်တယ်ဆို မင်းကမိန်းမ
တစ်ယောက်ဖြစ်ဖို့တော့လိုမယ်ထင်တယ်"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Onde histórias criam vida. Descubra agora