Unicode
" ချစ်ရသော ကိုကို " ( အပိုင်း_၂၇ )
Weibo App၏စာမျက်နှာတွင်တက်လာသော
ရှောင်းကျန့်Accountဆီမှကောင်းကင်ပြာပြာ
အောက်ရှိပင်လယ်ပြင်၏ဘေးပတ်လည်တွင်
စိမ်းစိုသော အုန်းပင်ရှည်ကြီးများပါနေသည် ။ အလွန် သာယာလှသည့်ဓာတ်ပုံလွှာတစ်ခုတွင် ကောင်ငယ်လေးတစ်ဦး၏ထိုင်လျက်သား ကျောပြင် အသေးစားလေးသည်လည်းပါဝင်နေ၏ ။ဟိုင့်ခွမ်းသည် အိမ်မပြန်လာသော သူတို့မောင်နှံ
ကိုစိတ်ပူ၍နေသည့်အလျောက် ထိုသူတို့က
ပျော်မြူးနေကြသည်တဲ့လေ ။ ဟိုင့်ခွမ်းစိတ်တို
တိုနှင့် ရှောင်းကျန့်ထံဖုန်းဆက်လေသည် ။"ဪ...အဆင်ပြေနေကြတယ်ပေါ့လေ"
"ဘာကို..."
"ပုံတင်ထားတာတွေ့တယ်
ငါ့မှတော့စိတ်ပူလိုက်ရတာ ခွေးကောင်""ဆောရီးပါ သူငယ်ချင်းရာ
မင်းကိုအသိမပေးလိုက်ရဘူး""အေးပါ...ပြန်လာမှမင်းကိုနှိပ်စက်ဦးမယ်"
"ဒေါက်တာ လူနာလာပါတယ်"...သူနာပြုမလေး၏ လျှပ်တစ်ပျက်အသံကြောင့် ဟိုင့်ခွမ်း
ဖုန်းချလိုက်၏ ။"နောက်မှဆုံမယ်"
"အေး...ဘိုင့်ဘိုင့် ဟျောင့်"
ရှောင်းကျန့်အုန်းပင်ရိပ်အောက်တစ်နေရာတွင်
အခန်းသားထိုင်နေသော ကလေးနံဘေးနား
တွင် ဝင်ထိုင်တော့ ကလေးကရှောင်းကျန့်ရောက်သည်ကိုသိ၍ အနည်းငယ်ခွာထိုင်လေ
သည် ။ရှောင်းကျန့်နှုတ်ခမ်းလေးတွေပြုံးမိသည် ။
ရှောင်းကျန့်ကိုမသိမသာလေး နှိပ်စက်နေသော
ကလေးကိုဒေါသမထွက်ရက်သည့်အပြင် ပို၍
သာ ချစ်သည် ။ မြတ်နိုးသည် ။ အသည်းအူးယား
မိသည် ။"ဝါး...အူဝါး..."
လပိုင်းသာသာလေးရှိသော ကလေးငယ်၏
အော်ဟစ်ငိုသံသည် ဆေးရုံတစ်ခွင်ဆူညံလျက်
ရှိ၏ ။"ဆရာရယ် ကူညီပါဦး...ကျွန်မသမီးလေး
မနေ့ကတည်းကဖျားနေခဲ့တာ အခုထိအဖျား
မကျသေးလို့..."သားသမီးဇောဖြင့်အပူမီးတောက်လောင်နေ
သော သူမသည်ပတ်ဝန်းကျင်ကိုဂရုစိုက်၍
မအားပေ ။ သူမသမီးလေးအတွက်သာ ပူပန်
နေ၏ ။
VOUS LISEZ
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanfictionZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...