အပိုင်း_၂၁

15.2K 867 182
                                    

Unicode...

"ချစ်ရသော ကိုကို " ( အပိုင်း_၂၁ )

"ဒါဘာလဲ ကိုကို ဘီယာပဲလား"

"အင်းလေ ​​က​ ​ေ​​လးရဲ့အရက်က ပြင်းတယ်
ဘီယာလောက်ပဲသောက်ပါကွာ"

ကိုကိုကမ်းပေးသော ဘီယာဘူးလေးကိုလှမ်းယူကာ
ရိပေါ်တစ်ငုံချင်းစီသောက်မိသည် ။ ကိုကိုကတော့
ရိပေါ်သောက်ချင်လွန်းသော အရက်ကိုမော့ကာ
သောက်နေသည် ။

"ကိုကို..."

"အင်း"

ရိပေါ်ကိုကိုနဘေးသွားကာ နားရွက်နားလေးကပ်
ပြော၏ ။ ရှောင်းကျန့်အသာလေးပြုံးကာ ရိပေါ်
ပါးရဲရဲနီလေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်အုပ်ရင်း
ရယ်လိုက်သည် ။

"ကုိကို ကျွန်တော့်မှာလေ ကလေးပိစိလေးရှိ
နေပြီ"

"ကလေးရယ်...ကိုကို့အတွက်ကလေးမွေးပေးစရာ
မလိုပါဘူး ကိုယ့်ကလေးကိုအနားမှာပဲထားချင်တာ
ရှိစေချင်တာ"

"ကုိကို့...မယုံဘူးလားလို့
တကယ်...တကယ် ဟော့ဒီဗိုက်ကြီးထဲမှာ
ရိပေါ်တို့ကလေးလေးရှိတာပါဆို ကိုကို့"

ရိပေါ်ရီဝေဝေလေးဖြစ်လာသည်အလျောက် ရှောင်းကျန့်
ကို ရစ်​ေလ၏ ။ ရှောင်းကျန့်တို့နှစ်ဦးလုံးသည်
ယောကျ်ားတွေဖြစ်နေသည့်အလျောက် ကလေးမရ
နိုင်မှန်လည်းသိသည် ။ ရိပေါ်ကသူ့ကိုယ်သူဇနီးသည်
နေရာနေ,နေရပေမယ့် သူသည်လည်းယောကျ်ားသား
တစ်ဦးပင် ဖြစ်သည် ။

ရိပေါ်ရင်ထဲက ခံစားချက်ကိုရှောင်းကျန့်ရိပ်မိပါ၏ ။
ရှောင်းကျန့် ထယ်ဟီးကိုဂရုစိုက်နေသည်ကလည်း
သူမက ရင်သွေးလေးလွယ်ထားရသူလေ ။ အခုတလောရိပေါ် အပေါ်မတရားမှန်းသိနေပေမယ့်လည်း
ရိပေါ်နားလည်ပေးနိုင်မည်ထင်မည်လေ ။

"ကုိကိုသိလား ကျွန်တော်အခုလိုအစားအသောက်
ပျက်နေတာကလေ အထဲက ကလေးငယ်လေးက
သောင်းကျန်းလို့ ကျွန်တော်စားသောက်မကောင်း
တာ...ပြီးတော့လေ...ကိုကို"

"အင်း ကိုကိုဘာဖြစ်လဲ သဲငယ်"

"ကုိကိုက ကိုယ်ဝန်သည်ချင်းအတူတူ
ဟိုမိန်းမကိုပဲ ဂရုစိုက်နေတော့ ရိပေါ်ဝမ်းနည်းတယ်"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now