အပိုင်း_၃၇ ( ဇာတ်သိမ်းပိုင်း )

20.2K 1K 158
                                    

( Unicode )

" ချစ်ရသော ကိုကို " ( အပိုင်း_၃၇ )

သားကိုချီရင်း ကမ်းခြေတစ်နေရာကိုရောက်
လာခဲ့တယ် ။ ရှေ့ဆက်မယ့်လမ်းခရီးတစ်ခု
ဟာလည်း ဒီပင်လယ်​​ပြင်ကြီးလိုပဲ ဘယ်သော
အခါမှအဆုံးရှိနိုင်ပါ့မလဲ ။

ရေတွေခမ်းခြောက်သွားရင်လား

ငါးကလေးတွေသေဆုံးသွားရင်လား

ဒီလိုပဲ ဘဝတွေကအဆုံးမရှိဘူး
သေတဲ့အခါမှအဆုံးသတ်ဆိုတာကို
ရှာတွေ့နိုင်လိမ့်မယ်မလား ။

သေခြင်းတရားက အဆုံးသတ်ပဲလေ ။

ရိပေါ်ထိုကဲ့သို့တွေးရင်း သားကိုကြည့်တော့
သားက မျက်လုံးလေးတွေဝိုင်းစက်ကာ ပြန်
ငေးကြည့်သည် ။ သားရဲ့အပြစ်ကင်းစင်တဲ့
မျက်ဝန်းလေးကိုကြည့်ရင်း ရိပေါ်ဝမ်းနည်း
ရပြန်သည် ။

တကယ်ပဲသူမရှိတော့ရင် အရာအားလုံးက
နေသားတကျ ဖြစ်နေမှာလား ။ သူမရှိတော့
ရင် အရာအားလုံးကပြောင်းလဲနေမှာလား ။

လေအဝှေ့မှာတိုက်ခတ်လာတဲ့ကမ်းခြေလေ
အေးစိမ့်စိမ့်ကြောင့် ရိပေါ်သားကိုယ်လေးကို
ပို၍သာကျစ်နေအောင် ပွေ့ထားမိသည် ။

မျက်တောင်လေးတခတ်ခတ်နှင့်သားငယ်
လေးက ရိပေါ်မျက်နှာကိုသေချာကြည့်နေ
သည် ။ သူ့မွေးထားတဲ့မိခင်မို့ထင်သည် ။
သူသေချာမှတ်ယူနေ၏ ။

ကိုကိုမှကိုကိုတစ်ပုံစံတည်းတူနေတဲ့ကလေး
ကို ရိပေါ်သိပ်ချစ်ပါသည် ။ ဘယ်သူမဆိုကိုယ့်
အသိုက်အမြုံလေးထဲမှပဲ နေပူပူမိုးရွာရွာရှင်
သန်ချင်ကြတဲ့သူကြီးပါလေ ။

"သားငယ်...ဟင့်"

ရိပေါ်ရှေ့ဖြစ်မယ့်အရာတွေကိုမစဥ်းစားရဲ
လောက်အောင် သူရင်နာရသည် ။

"သားသားကိုပါးကလေ လိမ္မာရေးခြားရှိတဲ့
ကလေးတစ်ယောက်အဖြစ်ကြီးထွားလာစေ
ချင်တယ် ပါးပါးအနားမှာမရှိတော့ရင်လည်း
ကြံ့ခိုင်ရမယ်နော် သားမှာသားကိုသိပ်ချစ်တဲ့
ဒယ်ဒီရှိနေသေးတယ် ဒါကြောင့်သားသားက
သန်မာတဲ့ကလေးလေးဖြစ်ရမယ်"

"အင့်...ဝူး...ဝါး...အူဝါး"

ရိပေါ်ပြောစကားများအား နားလည်ဟန်
ငေးစိုက်ကြည့်နေတဲ့သားက ရိပေါ်ငိုတော့
သူကပါ ထငိုသည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Onde histórias criam vida. Descubra agora