( Unicode )
" ချစ်ရသော ကိုကို " ( အပိုင်း_၃၅ )
"ရိပေါ် အမေပြောတယ်
မင်းဘာမှမစားဘူးဆို"အလုပ်ကပြန်လာတဲ့ကိုကိုက ရိပေါ်ကိုနီးနီး
ကပ်ကပ်မရှိပေမယ့် ဂရုတော့စိုက်သား ။"ဟုတ်တယ် ဘာစားစားအရသာမရှိဘူး"
မျက်နှာငယ်လေးနဲ့ပြန်ဖြေလာသော ရိပေါ်ကို
ရှောင်းကျန့်ကရုဏာသက်စွာ လက်ဖဝါလေး
ကိုဆုပ်ကိုင်လိုက်သည် ။"ခံတွင်းပျက်တာမှန်ပေမယ့် ကိုယ်တို့ရဲ့
ကလေးလေးအတွက် အဟာရဖြစ်အောင်
ဝင်အောင်တော့စားပါကွာ ဟင်...နော်"ကိုကိုက ရိပေါ်ဆံပင်အိအိလေးတွေကိုခပ်ဖွဖွ
သပ်ပေးရင်း နူးညံ့စွာဆိုလာသည် ။ ဒီအခိုက်
အတန့်လေးက သိပ်ကိုနွေးထွေးလွန်းလို့ ရိပေါ်
အချိန်တွေကိုရပ်တန့်ချင်မိသည် ။"ဘာစားချင်လဲ စားချင်တာတစ်ခုခုမရှိဘူးလား"
ကိုကိုပြောတော့ ရိပေါ်ခေါင်းငြိမ့်ပြမိသည် ။
"ကုိကိုချက်ကျွေးပါလား"
"အင်း မင်းလေးတကယ်စားမှာနော်"
"ဟုတ် ကိုကို"
"အုိခေ...ဒါဆိုကိုယ်ချက်လိုက်တော့မယ်"
"ဟုတ်"
ရိပေါ်ဟင်းချက်နေတဲ့ကိုကို့နောက်ကိုလိုက်ပြီး
ကိုကို့လှုပ်ရှားမှုမှန်သမျှကို တစိမ့်စိမ့်ငေးကြည့်
မိသည် ။ကိုကိုက ဟင်းချက်နေတာ တကယ့်အိမ်ရှင်ထီး
အတိုင်းပဲ ။ ကိုကိုအေပရွန်နဲ့လည်းလိုက်ဖက်
မှုရှိသည် ။"ကြက်စွပ်ပြုတ်ရယ် ငါးအသားလုံးကြော်ရယ်
ရိပေါ်ထပ်ပြီးတော့ဘာစားချင်သေးလဲ""ဟင့်အင်း နှစ်ခုကရပါပြီ"
ဟင်းပန်းကန်နှစ်ခုကမျက်လုံးရှေ့တည့်တည့်
ရောက်လာပေမယ့် ရိပေါ်စားချင်စိတ်မရှိပေ ။
ဗိုက်ကြီးနာစွဲတုန်းကတောင် အစားတွေစား
လို့ရသေးပါရက်နဲ့ အခုလိုမွေးဖွားဖို့ရက်ပိုင်း
လေးမှာ အစားအသောက်ကလာပျက်နေသည်
လေ ။"စားလေ..."
"ဗျာ...ဟုတ်"
ခေါင်းငုံ့ကာ ဟင်းပန်းကန်ကိုကြည့်လိုက်ပေ
မယ့် ကိုကိုကိုယ်တိုင်ချက်ပြုတ်ပေးထားတဲ့
အတွက်ရိပေါ်ကုန်အောင်စားပစ်ရမည် ။
VOCÊ ESTÁ LENDO
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanficZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...