#unicode
"ချစ်ရသော ကိုကို" ( H.N.Y )
"ကုိကိုရယ် နှစ်သစ်ကူးလေးတောင်
အလုပ်ကမနားရဘူးလား..."မနက်ကတည်းက ပွစိလေးရွတ်ကာ တညံညံ
လုပ်နေတဲ့ခင်ပွန်းလေးကို သူမည်မျှပင်ချော့
မော့ကာ ချော့နေပါစေ အိမ်သူသက်ထားက နှုတ်ခမ်းလေးတထော်ထော်နှင့်သူအား
စိတ်ဆိုးကာ ဆောင့်အောင့်နေသည် ။"ကလေးကလည်းကွာ ကိုကိုကတကယ်
အရေးကြီးလို့ပါ မဟုတ်ရင်ကိုယ်လည်း
မသွားပါဘူး...နော် ကိုကို့ကလေးကကိုယ့်
ကိုဒီတစ်ခါလောက်လေးပဲ...""ဟင့်အင်း ဟင့်အင်း ရိပေါ်ကိုဘာမှလာ
မပြောနဲ့ ကိုကိုကလေ အမြဲတမ်းပဲမိသားစု
နဲ့အလုပ်ဆို ကိုကို့အလုပ်ကပဲအမြဲနံပါတ်
တစ်မဟုတ်လား ဟင့်"ပါးစပ်ကသာပြောနေပေမယ့်လက်ကလေး
တွေက သူ့နက်ကတိုင်ကြိုးကိုကျနစွာချည်
ပေးနေသေးသည် ။ စိတ်တိုင်းမကျတဲ့သူ့ကို
ဆူပူပြောနေသော်လည်း ရိပေါ်ကအမြဲတမ်း
သူ့ကိုပဲဦးစားပေးတတ်တဲ့သူ ။ မျက်ရည်လေး
တွေဝေ့သီလာတဲ့ ယောကျ်ားပိစိရဲ့ကိုယ်ကို
ရင်ခွင်ထဲသိမ်းဖက်မိတော့ ကောက်စိန်လေး
က ရင်ခွင်ထဲတွန့်ထိုးတယ် ။"လွှတ် ဟင့် ကိုကိုကအမြဲတမ်းအဲ့လိုပဲ
ဖယ် ဖယ်..."စိတ်ကလေးကောက်ကာ ရင်ခွင်ထဲလူးလွန့်
နေတဲ့ယောကျ်ားသေးသေးလေးကို အတော်
ကြာသည်ထိဖက်ထားလိုက်တော့ ရုန်းရင်း
ငိုရင်းမောသွား၍ထင်တယ် ။ ရင်ခွင်ထဲငြိမ်
သက်နေလို့ရယ် ။"ဟင့် ကိုကိုမကောင်းတဲ့လူကြီး"
"ဟင့် အဟင့်"
"မငုိရဘူးကွာ...ကိုယ်ကပြီးတာနဲ့ချက်ချင်း
ပြန်လာမှာလေ အချစ်ရယ်...မင်းကငိုနေတော့
ကိုယ်လည်းစိတ်မကောင်းဘူး မငိုရဘူး
တိတ် တိတ်...အိုး ကိုကို့ချစ်လေးကကွာ
ရှင်းရဲ့ပါးပါးဖြစ်နေပြီ အငိုထူတုန်းပဲ
ရှင်းတွေ့သွားမှာမရှက်ဘူးလား ဟဟား"သူကရိပေါ်ကို ကလေးလေးတစ်ယောက်လို
ယုယစွာချော့ပေမယ့် ရိပေါ်ဒီလောက်နဲ့မကျေ
နပ်ချင် ။"ငုိတယ် ငိုတယ် ဟင့် ငိုတော့ဘာဖြစ်လဲ
ကလေးအဖေဖြစ်တာနဲ့ပဲမငိုရတော့ဘူးလား
ဟင့် ကိုကိုပဲကလေးကိုယူထားတာမဟုတ်
လား ဟင့်...တော်ပြီ ကိုကိုလည်းကြိုက်သလို
လုပ် ရိပေါ်ကိုလာမခေါ်နဲ့ !!"
![](https://img.wattpad.com/cover/197963199-288-k266712.jpg)
BINABASA MO ANG
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanfictionZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...