Unicode...
" ချစ်ရသော ကိုကို " ( အပိုင်း_၂၃ )
"ကလေးငယ်"
ရှောင်းကျန့်နှုတ်ဖျားမှမြည်တွန်မိသည် ။ သူနာပြုဆီ
ပါသွားသောဖိုင်တွဲရှိစာရွက်လေးတွင် သူပိုင်ဆိုင်သော
အသက်နှစ်ချောင်းရှိလေ၏ ။ ထိုထဲမှာ သူအတ္တဆန္စွာ
ဖြင့် ကလေးငယ်ကိုလက်လွှတ်ခဲ့မိသည် ။"ရိပေါ်...သားငယ်အခြေအနေဘယ်လိုတဲ့လဲ"
မားသည်ဆေးရုံတွင်းဝင်ရောက်လာကာ ရှောင်းကျန့်
ကိုကျော်လွန်ကာ ကျိုးချန်ဆီဦးတည်သွားသည် ။"တောင်းပန်ပါတယ် ကျွန်တော်ဆေးရုံးကို
အမှီလာခဲ့ပေမယ့်...ရိပေါ်အသက်ကိုပဲမှီလိုက်တယ်"ကျိုးချန်သည်ကြေကွဲအက်ရှစွာနှင့်ပင်ပြောကာ
တစ်ဖက်ကိုမျက်နှာလွှဲလိုက်၏ ။ မားမှာတော့
ဘာမှပြောမပလောက်အောင် မျက်ရည်ကျနေခဲ့
သည် ။"အမေ ကျွန်တော်..."
"ပါးစပ်ပိတ်ထား ရှောင်းကျန့်
ကလေးအခုလိုဖြစ်ရတာ ဘယ်သူ့ကြောင့်လဲ"မားသည်ဝမ်းနည်းရှိုက်ဖိုကာ ရှောင်းကျန့်ရင်ဘတ်
ကိုထုကာအော်ဟစ်ငို၏ ။"တောင်းပန်ပါတယ် မား
ကျွန်တော်တကယ်တောင်းပန်ပါတယ်""နောက်ကျသွားပြီ အရာအားလုံးလက်လွန်ကုန်ပြီ
သိလား ကျန့်ကျန့်ရဲ့ သားငယ်ကလေ ဒီကလေးလေး
ကိုကိုယ်ဝန်ဆောင်ဖို့ဆေးတွေနဲ့စမ်းသပ်ခံပြီးမှ
ခပ်ခက်ခဲခဲကုသမှုတွေခံပြီးမှရလာတဲ့ကလေးငယ်ပါ
သူလေ အထဲက ကလေးလေးရလာတော့ ဘယ်လောက်
ပျော်နေခဲ့လဲ မင်းမသိပါဘူး"သူမသည်ပြောရင်း ရှိုက်ကာ မျက်ရည်များအား
သုတ်သည် ။"မင်းကိုဖွင့်ပြောဖို့ငါတိုက်တွန်းခဲ့တော့
ကေလးကပြောတယ် မင်းကိုနောက်မှအသိပေး
မယ်တဲ့လေ မင်းသိရင်အရမ်းပျော်နေမှာတဲ့...
မင်းကတော့ အဲ့လိုဘယ်ဟုတ်ခဲ့ပါ့မလဲ ငါ့သားရယ်
ဟိုမိန်းမယုတ်မရဲ့ကိုယ်ဝန်ကိုအသည်းအသန်ဂရုစိုက်
ပြနေခဲ့တယ်မလား ရှောင်းကျန့်...""မား...ကျွန်တော်မှားပါတယ်
ကျွန်တော့်အမှားတွေပါ မှားသွားပါတယ်"
VOCÊ ESTÁ LENDO
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanficZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...