( Unicode )
" ချစ်ရသော ကိုကို " ( အပိုင်း_၃၆ )
"ဝဲ...အူဝဲ...အူဝဲ"
သားရဲ့ငိုသံကြောင့်ရိပေါ်နိုးလာခဲ့တယ် ။
ရိပေါ်သားကိုချော့မြူပေမယ့် သားကအငို
မတိတ်သေးပါဘဲ ပို၍သာငိုသည် ။တစ်ဖက်ခန်းရှိသူ့ကိုလည်းမနှိုးချင်ပေ ။
နှစ်ဦးသဘောတူကလေးဝေယျာဝိစ္စလုပ္
ရမယ့်တာဝန်ကိုယူထားကြပေမယ့် ညက
ညည့်နက်မှအိပ်ရာဝင်တဲ့ သူ့ကိုလည်းတကူး
တကကြီးသွားမနှိုးချင် ။"အေ့ပါ သားရယ် ဖေဖေရှိပါတယ်ကွယ်
အေ့ပါ အို အို့ အိုး...မငိုပါနဲ့ကွယ် နှိ့နို့သောက်
ရအောင်...တိတ်ပါ တိတ်ပါ သားငယ်ရယ်"ရိပေါ်ဘယ်လောက်ပင်ချော့မြူသော်လည်း
သားကသည်းကြီးမဲကြီးငိုနေသည် ။ဘေးချင်းကပ်ရပ်က သားငယ်ရဲ့ငိုသံကို
ကြားတော့ ရှောင်းကျန့်အိပ်ရာချက်ချင်း
ထပြီးတစ်ဖက်ခန်းကိုပြေးရသည် ။"ရိပေါ်...ရိပေါ်"
တံခါးခေါက်သံကြားတော့ ရိပေါ်သားကိုချီထား
လျက်ပင် တံခါးဖွင့်ပေးမိသည် ။ အိပ်ရာမှကမန်း
ကတမ်းထလာရ၍ထင်သည် မျက်နှာချောချော
သည်အိပ်ရေးဝပုံမပေါ်ပေ ။သို့သော် ဤလူအမြဲကြည့်ကောင်းပါသည် ။
ရိပေါ်မျက်နှာလွှဲကာ သားကိုသာချော့မြူနေ
၏ ။ သားကလည်းရိပေါ်လက်ထဲအငိုကိုမတိတ်
ဘူး ။"ရိပေါ်...သားကအရမ်းငိုနေတာပဲ
မင်းမနေ့ကဟင်းအစပ်တွေစားမိသေးလား"သူကသူ့သံသရာ့မကင်းတဲ့မျက်ဝန်းတွေအတိုင်း
ရိပေါ်ကိုလာကြည့်ကာမေးသည် ။"မစားပါဘူး သားဒုက္ခရောက်မယ့်အလုပ္မျိုး
ကျွန်တော်မလုပ်ဘူး""ကုိယ်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ဘူး"
"ဒါဆိုဘာလို့ခင်ဗျားရဲ့သံသရာ့မကင်းတဲ့
မျက်လုံးတွေနဲ့လာကြည့်နေတာလဲ""ကုိယ်စိတ်ပူလို့ပါ"
"ဒီှီာခင်ဗျားစိတ်ပူတာထက် ကျွန်တော်က
သာပါတယ် သားကိုကျွန်တော်ကိုယ်တိုင်
ဝမ်းနဲ့လွယ်ပြီးမွေးထားတာပါ ဘယ်မိဘက
ကိုယ့်သားသမီးကိုစိတ်မပူတဲ့မိဘရှိလဲ"

ESTÁS LEYENDO
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanficZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...