အပိုင်း_၂၈

14.9K 1K 60
                                    

Unicode

" ချစ်ရသော ကိုကို " ( အပိုင်း_၂၈ )

"သားငယ် လေယာဉ်ချိန်ကမနက်ဖြန်ကိုးနာရီ..."

"ဟင့် မေမေ..."

သူမ၏အမေးမဆုံးလိုက်ခင်ပင် ငိုသံသဲ့သဲ့လေး
ကြောင့်ဖုန်းလွှတ်ကျမတတ်စိတ်ပူသွားသည် ။

"ဘာဖြစ်လို့လဲ သားငယ်
သားကိုကိုရော...သားအနားမနေဘူးလား"

"သား ပြင်သစ်ကိုမသွားချင်တော့ဘူး မေမေ"

"ဟင် ဘာလို့လဲ သားငယ်"

"ဟင့် အမှန်တော့လေ ရိပေါ်ကိုကိုနဲ့မခွဲနိုင်ဘူး"

"ဟော်တော့...!!" အသံတိတ်သွားသောမေမေ့မှာ
ရိပေါ်ကိုခိုးရယ်နေတော့မည်လေ ။ ရိပေါ်ရိပ်မိ
၍ပါးလေးနှစ်ဖက်မှာ ရဲလာ၏ ။

ရိပေါ်ခါးလေးကိုမလွှတ်တမ်းဖက်ထားကာ
အိပ်မောကျနေတဲ့ကိုကိုက ဒါတွေသိမည်မထင် ။

"မေမေ...နော်လို့"

"ဟုတ်ပါပြီကွယ် သားတို့ချင်းအဆင်ပြေရင်
ပြီးတာပါပဲ မေမေတို့ကဘေးလူတွေပါကွယ်"

"မေမေဗျာ...သား ရှက်လာပြီ"

"ဟယ် ကလေးလေးနော် မေမေက
ဘာမှမပြောရသေးဘူးလေ ဒါနဲ့သားကိုကို
ဘယ်မလဲ"

"မေမေ...ကိုကိုကအိပ်နေသေးလို့..."

"ဟုတ်ပါပြီ...ဟုတ်ပါပြီ နောက်တစ်ပတ်
ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ အပြည့်အဝ
အနားယူခဲ့ ကလေးငယ်..."

"အာ...မေမေ..."

ရိပေါ်အရှက်ပိုကာ မေမေ့အားရှင်းပြချင်သော်
ငြား မေမေကဖုန်းအရင်ချသွား၏ ။ ရိပေါ်နှုတ်
ခမ်းလေးတွင်လည်း အပြုံးလေးဖြစ်ပေါ်သွား
သေး၏ ။

"ကလေး..."

ရိပေါ်ဖုန်းကိုအဝေးပို့ကာ ကိုကို့​ေခါ်သံကြောင်​့
မျက်နှာချင်းဆိုင်လှည့်လိုက်တော့ ကိုကိုကရိပေါ်
နှုတ်ခမ်းလေးဆီအနမ်းခပ်နွေးနွေးလေးခြွေသည်

"မောနီး ကစ် ပေပီ"

ရိပေါ်ကိုကို့ကိုဒီအတိုင်းသာငေးကြည့်နေမိသေး
သည် ။ ကိုကိုကရိပေါ်ပေါ်ထက်မျက်ဝန်းလေး
တွေပြူးကာ ပြန်လည်ကြည့်နေသည် ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now