( Unicode )"ချစ်ရသော ကိုကို" ( အပိုင်း_၃၁ )
ရိပေါ်ချစ်ရသော ကိုကိုသည် ကားကိုရိပေါ်နေရာတိုက်ခန်းရှေ့ရောက်သည်နှင့်ရပ်လိုက်
၏ ။ကိုကိုကရိပေါ်နေရာကိုလည်းသိပါလား ။
"ကုိကို..."
"ကုိကို..."
မျက်နှာအနည်းသာလှည့်ပြီးစောင့်ကြည့်သွား
တဲ့ကိုကို့ကိုလှမ်းခေါ်ပေမယ့် ကိုကိုကပြန်၍
မထူးပေ ။ရိပေါ်စိတ်ထဲအနည်းငယ်တော့ စိုးရိမ်မိ၏ ။
"ကုိ...ကို့"
ရိပေါ်ခေါ်နေချင်သော်လည်း ကိုကိုက
ဓာတ်လှေကားခလုတ်ကိုနှိပ်နေတော့
ရိပေါ်အမြန်ပြေးလိုက်မိ၏ ။"ဟူး..."
ရိပေါ်ဓာတ်လှေကားနံရံကိုမှီရင်း အရှေ့မှရပ်
နေတဲ့ ကိုကို့ကျောပြင်ကိုငေးကြည့်မိသည် ။
ကိုကိုကတော့ တည်ငြိမ်စွာရပ်နေပါ၏ ။"Passwordက ဘာလဲ"
ဓာတ်လှေကားတံခါးဖွင့်တော့ ကိုကိုကမေး
သည် ။"100591"
"1 0059...1 ဒါက..."
"ဟွန့်...ဖယ်တော့!! အ့..."
ကိုကိုရဲ့ဝိုင်းစက်ကာကြည့်နေတဲ့မျက်ဝန်းလှလှ
ကိုလျစ်လျူကာ အခန်းထဲဝင်ခဲ့လိုက်၏ ။ မှောင်
မဲနေတဲ့အခန်းကြောင့် လူကစားပွဲခုံကိုဝင်တိုက်
မိပြီးမှောက်လဲသည် ။"အ့...နာ နာလိုက်တာ!"
ရိပေါ်အသံစာစာလေးထွက်လာတော့ ရှောင်း
ကျန့်စိတ်ပူစွာ ရိပေါ်ကိုရှာနေ၏ ။"ကလေး...ဘာဖြစ်သွားသေးလဲ"
"ဟင့် နာ...ကိုကိုမလာ အ့..."
"ဝုန်း..." ဟု ဆိုကာ ကိုကိုသည်ရိပေါ်ကိုယ်လေး
ပေါ်ထပ်ကာ ပြုတ်ကျလေသည် ။"ကလေး..."
"အင့် !! အဟင့် !! သေပါပြီ သေပါပြီ
အားယိုး!! ခြေထောက်က ခါးရော
လက်လည်းနာ...အဟင့်...""တောင်းပန်ပါတယ်..."
"ဟင့်အင်း မလိုဘူး မတောင်းပန်ပါနဲ့
မတော်တဆပဲ ကိုကိုရယ်"
ESTÁS LEYENDO
💕 ချစ်ရသော ကိုကို 💕 ( YiZhan ) [ Completed ]
FanficZawgyi 😊 ကိုကိုသိလား...လူတွေကဘဝမှာကြီးမားတဲ့ ကံကောင်းခြင်းတွေကိုတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြတယ်တဲ့... ကိုကို့အချစ်တွေကိုရဖို့အတွက်... ကျွန်တော်လေ...တစ်ခါလောက်တော့ ကံကောင်းခငျြမိပါရဲ့...။ 💕 ချစ်ရသော ကိုကို 💕 Xiao Zhan Wang Yibo ( FanFiction ) Unic...