Chapter 14.1
"အရှင်မင်းကြီး.. နတ်နန်းသခင် ၀င်ခွင့်တောင်းပါတယ်.."
ဖတ်လက်စ အစီရင်ခံစာ များကို လက်မှချ၍.. ကုန်းကုန်းကို တချက်ကြည့်လိုက်ပြီး...
"၀င်ခွင့်ပြုလိုက်..."
"ဟုတ်ကဲ့..."
တရိုတသေဂါရ၀ပြုကာ ကုန်းကုန်းထွက်သွားပြီးနောက်.. ခမ်းမဆောင်ထဲသို့.. ပီချန် ဆက်တောက်ဆက်တောက်နက့် လျောက်လှမ်းလာသည်....
"အရှင်... ကျန်းမာပါစေလို့ ပီချန်ဆုတောင်းပြုပါတယ်.."
ဂါရ၀ပြုနှုတ်ခွန်းစကားကိုတောင် ရုပ်တည်တည်မပြောနိုင်တဲ့ပီချန် ကိုကြည့်ရင်း.. လန်မင်ကြီးစိတ်ညစ်လာသည်...
"လာရင်းကိစ္စပြော.."
"အဟဲ.. ဟို ကြင်ယာတော်ရွေးပွဲက နောက်၃ရက် လောက်ဆို အဆင်ပြေပါတယ်.. လကြတ်မယ့်နေဖြစ်လို့ အဲ့နေ့မှာကျင်ပစေချင်ပါတယ် အရှင်.."
"ပီချန်.. မျက်နာလေး တည်ထားပါလား.. ဘာဖြစ်နေတာလဲ ၀င်လာထဲက..."
"ဟီး ပီချန် အပျော်လွန်နေတာပါ အရှင်သိလား.. အိမ်ရှေ့စံကလေ..."
ပြောရင်းဆိုရင်း မင်းကြီးပုလ္လင်နားသွားကာ.. ပုလ္လင်လက်တန်းကို တင်ပါးလွဲ ထိုင်လိုက်တာကြောင့်.. လန်မင်းကြီး မျက်ထောင့်နီ ကြီးဖြင့် လိုက်ကြည့်နေမိသည်...
"ပီချန်.!!.."
"အဲ ကန်တော့.. သွေ့ပုကျိ သွေ့ပုကျိ.."
စိတ်တိုတိုနက့်အော်ချလိုက်တာမို့ ပီချန်လဲ လန့်ဖြန့်ကာ လက်တန်းမှ ကမန်းကနန်းဆင်းရင်း တောင်းပန်လိုက်သည်.. မျက်နှာကတော့ စပ်ဖြီးဖြီး သာ....
လန်မင်းကြီးလဲ ပီချန်ကို မနိုင်တာမို့ လုပ်ချင်တာသာ လုပ်တော့ဆိုတဲ့ပုံမျိုးနက့် မျက်နှာလွဲလိုက်တော့မှ့
ဘေးမှရပ်နေရင်း ပီချန်က စကားဆက်ပြောလေရဲ့..
ESTÁS LEYENDO
သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)
Ficción Generalအဖြူရောင် သွေးကြောလေး တံတောင်ဆစ်ကနေ လက်ဖဝါးမှ လက်ညိုးထိပ် အထိ... ငါတို့နှစ်ယောက်ရဲ့ လက်ညိုးထိပ်လေးတို့ ထိတွေ့လိုက်ရင်... မိုးကောင်ကင်က နတ်နဂါးနှစ်ကောင်...နေမင်းကို ပတ်ထွေးနေမည်.. အဖြူရောင် သွေးကြောလေး တံတောင်ဆစ်ကနေ လက်ဖဝါးမှ လက်ညိုးထိပ် အထိ... ငါတိ...