သွေးကြောမျှင်လေး 26

5.4K 620 71
                                    

Chapter  26

"ဟိုလေ ကျွန်တော်တို့က အခု လန်ကျန့် စောင့်နေမယ့် ပင်လယ်ဘက်ကိုသွားနေတာပေါ့နော်.."

သူ့ကို သခင်မလေး တစ်ပါးလိုဝေါယာဉ်နက့်တင်ခေါ်လာတဲ့ ဘုရင့်ကိုယ်ရံတော်ဆိုတဲ့သူကို ဝေ့ရင်း ပြတင်းပေါက်တံခါးလေးကနေ ပဝါနီလေးကို လှစ်ကာ လှမ်းမေးလိုက်သည်...

"ဟုတ်ပါတယ် ခဏနေရောက်တော့မှာပါ.."

"ဟိုလေ ကျွန်တော် ကိစ္စလေးရှင်းချင်လို့ ခင်များခေါ်တာနက့် ၀မ်းသာလုံးဆို့ပီးလိုက်လာတာ.. အပေါ့အပါးတောင်မသွားခဲ့ရဘူး.."

"အော် ဟုတ် ဟုတ် ဝေါယာဉ်ရပ်ပေးနယ်နေိာ.."

ကျန်းဝေ့ရင်းရဲ့ စကားကြောင့် ၀မ်ချောင်ခင်မျာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ ဝေါယာဉ်ကို ရပ်ပေးလိုက်ရသည် မရပ်လို့လဲ မဖြစ် သူ့ကိစ္စက တကယ်ထိပ်ဝ ရောက်နေတဲ့ပုံနက့်ပြောနေတာကို..

လှည်းရပ်ပြီးပြီးချင်ပဲ.. ဝေ့ရင်းကမန်းကနန်းဆင်းပီး ၀တ်ရုံအောက်စ တမမ ဖြင့် တောထဲ ခုန်စွ ခုန်စွလုပ်ကာ.. ၀င်သွားတာမို့ ၀မ်ချောင် တချက်ပြုံးလိုက်မိသည်..

"အော်.. ငယ်သေးတာကို.."

ခဏလောက်ကြာတော့ ဝေ့ရင်းပြန်ရောက်လာသည်.. ၀င်သွားတဲ့ပုံစံတိုင်းပဲ ၀တ်ရုံလေးတမမနက့် ခြေဖျားလေးထောက်ပီး ပြေးလာတာ..

"သွားမယ်လေ လန်ကျန့်စောင့်နေတာ ကြာနေလောက်ပီ.."

ဝမ်ချောင်ဘက်ကို လှည့်ပြောပြီး ဝေါယာဉ်ပေါ်ကို ဆက်ကနဲ တက်သွားတဲ့ဝေ့ရင်းကို..

"ဟုတ်တယ် စောင့်နေတာ ကြာနေတော့မယ်.."

........... .............

ဝေါယာဉ်ရဲ့ ဘီးရာအတိုင်းလိုက်လာတဲ့ ၀မ်ချင်..
မြင်းတစ်ကောင်စွဲတဲ့ ဝေါယာဉ်နက့် ဝေ့ရင်းကိုတင်ခေါ်သွားမှန်း ခြေရာတွေကို ကြည့်တာနက့် ၀မ်ချင်သိသည်..

အချိန်မဆိုင်းနေပဲ ကို့ဘာသာ ချိတ်သိမ်းထားတဲ့ အစွမ်းတွေကို ထုတ်လွှတ်စေလိုက်ပီး.. ဝေ့ရင်းတို့နောက်ကို အလင်းရဲ့အမြန်နှုန်းနက့်လိုက်သွားလေတော့..

ဝမ်ချင် ဖြတ်သန်းခဲ့သမျှနေရာလေးတွေမှာ အစိမ်းရောင် အလက်လက်အမှုန့်လေးတွေသာ ပြန့်ကျဲ ကျန်ခဲ့သည်..
ဟုတ်ပါသည် ၀မ်ချင်ဆိုတာက မြောက်ပင်လယ် ကိုအပိုင်စားသော လေပြင်းပန်ခြွေ နဂါးမင်းချန်ချင်ပေတည်း...

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Donde viven las historias. Descúbrelo ahora