Chapter 16
ကျေးငှက်တို့၏ သာယာစွာ ဖွဲ့သီသော တေးသံသာနှင့်အတူ.. နွေးထွေးတဲ့နေရောင်ခြည်တို့ကလဲ.. ကြင်ယာတော်၏အိပ်ဆောင်သို့ဖြာကျလျက် အလင်းပေးနေလေပြီ...
ဆီစိမ်စက္ကူဖြင့်ကာရံထားသော ကနှုတ်ပန်းကြွပြတင်းပေါက်မှ အလင်းတချို့က အဆောင်တွင်း.. ကြင်နာစွာ တစ်ဦးနှစ် တစ်ဦး ဖတ်ရပ်သား.. အိပ်ပျော်နေသော.. အိမ်ရှေ့စံနှင့် ကြင်ယာတော်၏ ကိုယ်န္ဓာကိုယ်ပေါ်သို့ သက်ရောက်လေသောအခါ...
"အာ့.."
ခေါင်းပဲကိုက်သလိုလို.. ခြေထောက်တွေပဲ အာူမရှိတော့ သလိုလို.. ဒူးချောင်နေသလိုလို(နောက်ဆုံးကဒူးကိစ္စတော့coxမသိဘူး) ဖြင့်.. တကိုယ်လုံးရှိအင်အားများပျောက်ဆုံးနေသလို ခံစားချက်အပြင် သူ့လက်မောင်းပေါ် တစ်စုံတစ်ခုကဖိထားသလိုဖြစ်နေတာကြောင့် ဘေးဘီကို လှည့်ကြည့်လိုက်မိတော့...
သူ့ဘေးမှာ.. အတိအကျဆို သူ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကြင်ယာတော်ကျန်းချန်.. မနက်ခင်းအလင်းကြောင့်လား သူ့ရင်ထဲက ရိုက်ခက်နေတဲ့ရင်ခုန်သံတွေကြောင့်လားတော့မသိ ကျန်းချန်က တကယ့်ကို အရိုးရှင်းဆုံး မျက်နှာလေးဖြင့်လှပနေသည်...
သူ့ရင်ခွင်ထဲမှာ ထည့်ဖတ်ထားသည်မို့ ကျန်းချန်ကလဲ ရှီချန်ရဲ့ ခါးကို ပြန်ဖတ်ထားတာကို ခံစားရသည်.. မျက်နှာနုနု လှလှကို တစိမ့်စိမ့်အသေအချာကြည့်မိတော့ ဖြောင့်တန်းနေတဲ့ မျက်ခုံးထူထူ တို့အောက်တွင်. ကော့ညွှတ်နေသော မျက်တောင်တို့ကို ပိုင်ဆိုင်သည့်မျက်ဝန်းလေးရယ်. ထိုမှတဆင့်.. ဖြောင့်စင်းလှသော နှာတံချွန်ချွန်လေး ပြီးတော့.. သူ့အနမ်းတို့ ဆင်းသက်ရာ ပန်းဆီရောင်နှုတ်ခမ်းဖူးဖူးလေး..
"အ အဟမ်း.."
မဆီမဆိုင် ရှီချန် လည်ချောင်းဟန့်မိလိုက်ရင်း..ရေငတ်လာသလိုဖြစ်သွားတာမို့ ရုတ်တရက်.. ကျန်းချန်ကိုရင်ခွင်ထဲထည့်ထားသည်ကို မေ့ပြီး ထလိုက်မိတော့...
....ဘုတ်...
မွေ့ယာနက့်ခေါင်းနက့်ခပ်ဖွဖွ ရိုက်မိသွားတဲ့အသံကြာူလိုက်ရပေမယ့် ကျန်းချန် ကတော့ အိပ်ယာက နိုးသွားပုံမပေါ်တာကြောင့် ရှီချန် ပြုံးလိုက်မိရင်း..

ВЫ ЧИТАЕТЕ
သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)
Художественная прозаအဖြူရောင် သွေးကြောလေး တံတောင်ဆစ်ကနေ လက်ဖဝါးမှ လက်ညိုးထိပ် အထိ... ငါတို့နှစ်ယောက်ရဲ့ လက်ညိုးထိပ်လေးတို့ ထိတွေ့လိုက်ရင်... မိုးကောင်ကင်က နတ်နဂါးနှစ်ကောင်...နေမင်းကို ပတ်ထွေးနေမည်.. အဖြူရောင် သွေးကြောလေး တံတောင်ဆစ်ကနေ လက်ဖဝါးမှ လက်ညိုးထိပ် အထိ... ငါတိ...