သွေးကြောမျှင်လေး 26.2

5.5K 655 90
                                    

Chapter   26.2

မြစိမ်းရောင် ယပ်တောင်ကို လေထဲ တချက် ခပ်လိုက်ကာ.. အစိမ်းရောင်ငွေမျှင်တွေ ပြံန့်ကျဲစေပီး.. ၀မ်ချင် လေထဲ ပျံသန်းလိုက်ကာ.. ယပ်တောင်ထဲမှ အစိမ်းရောင်မီးလျှံတွေက မဟူရာဆီသို့ တန်းတန်းမက်မက်.....

မဟူရာက မျက်တောင်မခပ်ပဲ..... သူ့ မှော်စွမ်းအင်တချို့ကို ထုတ်လွှတ်လိုက်ပီး.. ၀မ်ချင်ရဲ့ လာရာလမ်းအတိုင်းကို ပစ်လွှတ် ဟန့်တားလိုက်တော့..

ဝမ်ချင်က အစိမ်းရောင်ငွေမှုန့်တို့နှင့် ပြန်ကာလိုက်ကာ မဲရောင်မီးခိုးငွေ့တန်းတို့က လေထဲမှာ ထိပ်တိုက်တွေ့ဆုံမိသွားကြပြီး...

.......၀ုန်း!!.......

အစိမ်းရောင်ငွေမှုန့်လေးတွေ မြေပြင်သို့ ပြန့်ကျဲစွာကျလာပီး... မီးခိုးငွေ့တန်းတို့ကလဲ ပျောက်ကွယ်သွားသည် နှင့် ချက်ချင်းပဲ.. ၀မ်ချင်က ပြန်လည်တိုက်ခိုက်သည်...

ဝမ်ချင်ဘက်က.. အစိမ်ရောင်ငွေမျှင်လေးတွေ ပျံသန်းလာလျှုင် မဟူရာက သူ့မှော်အစွမ်းတွေနက့် ပြန်ကာလိုက်သည်သို့ပေမယ့်.. လက်တစ်ဖက်မှလဲ ဝေ့ရင်းကို ဖတ်ထားရသေးသည်မို့..

မဟူရာရဲ့ တိုက်ခိုက်မှုက ထင်သလောက်ခရီးမရောက် သည့်အပြင်.. ၀မ်ချင်ကလဲ ဝေ့ရင်းရှိနေသဖြင့် တန်ခိုးအနည်းငယ်သုံး၍သာတိုက်ခိုက်နေတာမို့.. နှစ်ယောက်လုံး အခြေအနေမပြင်းထန် ပဲ သရေကျနေသည်သာ....

.................................

"ဝေ့ရင်း...!!!"

ဒုန်းစိုင်းနှင်လာသော ကြောင့် မြင်းခွာသံခပ်ပြင်းပြင်းကြားမှ.... မဟူရာ ရင်ခွင်ထဲရောက်နေတဲ့ဝေ့ရင်းကို အော်ခေါ်လိုက်တဲ့ လန်ကျန့်ကြောင့်..

ခုဏကအပြင်းအထန် တိုက်ခိုက်နေသော.. ၀မ်ချင်နှင့် မဟူရာ မှာ ခဏမျှရပ်သွားပြီး အသံလာရာ ဘက်ကို လှည့်ကြည့်လိုက်မိသည်။..

ခဏမျှ ငြိမ်သက်သွားတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီး ဝေ့ရင်း မဟူရာ လက်ထဲမှ လှစ်ခနဲ ထွက်ပြေးကာ.. လန်ကျန့်ဆီ ပြေးသွားတာမို့ ... စီးလာတဲ့မြင်းကိုဇတ်ကြိုးဆွဲ.. ချက်ချင်းရပ်လိုက်ကာ လန်ကျန့် မြင်းပေါ်ကဆင်းပြီး မဟူရာ ရင်ခွင်ထဲကပြေးလာတဲ့ ဝေ့ရင်းကို ပြေးဖတ်လိုက်ပီး..

သွေးကြောမျှင်လေး{သွေးကြောမျှင်လေး} [ Completed S1 ](Z+U)Where stories live. Discover now